[Part 19]

1.7K 107 4
                                    

လေယာဉ်ကွင်းကိုအရင်ကရောက်ဖူးပေမယ့် ကျွန်မလေယာဉ်တော့မစီးဖူးပါဘူး။ ပြောချင်တာက ဒါကကျွန်မရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ်ပေါ့။ လေယာဉ်စီးရတာကြောက်နေပေမယ့် ပိုကြောက်မိတာကသူတို့နဲ့ခွဲခွာရမှာကိုပါ။ သူတို့ဆိုတာက သိမ့်တို့လေးယောက်ရယ် အမေရယ် ပြီးတော့ကျွန်မသိပ်ချစ်ရပါသော သူ.......

သိမ့်တို့လေးယောက်ကကျွန်မကိုလိုက်ပို့မယ်ပြောပေမယ့် ကျွန်မငြင်းခဲ့တယ်။ သူတို့ကိုထပ်တွေ့ရရင်လေယာဉ်ကွင်းမှာငိုမိမှာစိုးလို့ပါ။ အမေ့ကိုလည်းစိတ်မကောင်းမဖြစ်စေချင်ဘူး။ အထဲ၀င်ခါနီး ဘာမဆိုင်ညာမဆိုင်အနောက်ကိုလှည့်ကြည့်ပြီး တယောက်ယောက်များလာမလားဆိုတဲ့အသိနဲ့ရှာကြည့်မိသေးတယ်။ သူမလာမှန်းသိနေတာတောင်လေ။ အမေကလက်တို့ခေါ်တော့မှ ကျွန်မသက်ပြင်းချလိုက်ပြီး အထဲ၀င်လိုက်တယ်။ နောက်တော့ မြန်မာပြည်နဲ့ဝေးတဲ့ သူမရှိတဲ့အရပ်ဆီသို့....✈️✈️

တစ်နှစ်ခန့်ကြာသော်....

"ဘယ်လိုလဲ သမီး ကျောင်းတက်ရတာအဆင်ပြေရဲ့လား"

မိုး- ပြေပါတယ် အမေရဲ့ အစပိုင်းဆိုတော့နည်းနည်းတော့ရှိန်တာပေါ့

"နောက်ပိုင်းကျရင်သမီးနေသားကျသွားမှာပါ လိုတာရှိရင်အမေ့ကိုပြော ဟုတ်ပြီလား"

မိုး- သမီးကိုစိတ်ပူမနေနဲ့ အမေသာတယောက်ထဲနေပြီးကိုယ့်ကျန်းမာရေးကိုဂရုမစိုက်ဘဲမနေနဲ့

"အမလေးတော် ဟိုနေ့ကမှဆေးရုံဆင်းထားတဲ့သူကပြောရတယ်ရှိသေးအေ"

မိုး- သမီးနေကောင်းနေပါပြီပြောတာကို ဆေးရုံစောစောပေးမဆင်းတာဘယ်သူလဲ

"အော် အမေဆိုတော့လဲစိတ်ပူလို့ပါအေ"

မိုး- ဟီးဟီး အင်းပါ အခုကစပြီးသမီးကိုစိတ်မပူနဲ့တော့ အော် ထမင်းစားချိန်တောင်ရောက်ပြီ နောက်မှပြန်ခေါ်လိုက်မယ်နော် အမေရေ

"အေး အေး"

ဖုန်းချလိုက်ပြီး စားပွဲခုံကပစ္စည်းတွေသိမ်းပြီးတော့‌ ကျောင်းကန်တင်းဘက်ထွက်လာလိုက်တယ်။ ဒီမှာသူငယ်ချင်းသိပ်မရှိတော့ ထမင်းစားချိန်ဆိုကျွန်မတစ်ယောက်ထဲစားနေကျ။ ထမင်းစားချိန်ဆိုပေမယ့် ကျွန်မကဒီချိန်ဆို ပေါင်မုန့်နဲ့ နို့မစ်ခ်ရှိတ်သောက်နေကျဖြစ်နေပါပြီ။ မုန့်တွေကိုဗန်းထဲထည့်လိုက်ပြီး ချောင်ကျပြီးပြတင်းပေါက်နဲ့နီးတဲ့နေရာမှာရွေးပြီးထိုင်လိုက်တယ်။ ပြတင်းပေါက်ဘက်ကိုငေးရင် ဂျပန်ကိုရောက်စကအကြောင်းတွေကိုပြန်တွေးနေမိတယ်။ အဲ့တုန်းကကျွန်မသေမလိုဖြစ်ခဲ့တာ။ ခွဲစိတ်နေရင်းတန်းလန်းကြီး နှလုံးရပ်သွားတာလေ။ ဆရာ၀န်တွေကကျွန်မကိုသေပြီတောင်ထင်ခဲ့တာ။ ဒါမဲ့ဆရာ၀န်ကြီးကလက်မလျှော့ဘဲ ခွဲစိတ်မှုကိုဆက်လုပ်မှပဲကျွန်မနှလုံးပြန်ခုန်လာတာတဲ့။ ကံကြမ္မာကထူးတော့ထူးဆန်းသား။ ရက်စက်မလိုနဲ့ သဘောကောင်းတယ်ပြောရမလား။ ကျွန်မခွဲစိတ်မှုအောင်မြင်ခဲ့ပေမယ့် မေ့မြောနေခဲ့တာကတော့အကြာကြီးပါ။ အမေပြောတာတော့ကျွန်မဆေးရုံမှာ ဆယ်လလောက်အိပ်ပျော်နေခဲ့တာတဲ့။ နိုးလဲနိုးလာရော ကျွန်မအသက်၁၉တောင်ကျော်နေပြီ။ ကျွန်မနိုးနိုးချင်း ပထမဆုံးလုပ်တဲ့အရာက သိမ့်ကိုဖုန်းဆက်တာပါပဲ။ အမေကကျွန်မမေ့မြောနေတဲ့အချိန်တွေမှာ သိမ့်တို့နဲ့အဆက်အသွယ်ရှိခဲ့သေးတယ်တဲ့။ ကျွန်မကိုမာ၀င်နေတယ်ဆိုလို့ သူတို့လဲစိတ်ပူနေတာ။ ဖုန်းဆက်လိုက်တော့ သိမ့်ကထငိုတော့တာပဲ။ ကျွန်မကိုအရမ်းစိတ်ပူနေတာတဲ့။ သူကပြောသေးတယ်။ အသက်ရှင်ပေးလို့ကျေးဇူးတင်တယ်တဲ့။

ဤမျှသာحيث تعيش القصص. اكتشف الآن