[Part 18]💔

2.3K 97 2
                                    

ဒီနေ့ကကျွန်မမြန်မာပြည်မှာရှိနေမယ့် နောက်ဆုံးနေ့။ မျက်ရည်ကျလောက်တဲ့အထိတော့မခံစားရပေမယ့် စိတ်မကောင်းတော့ဖြစ်မိသား။ တခြားနိုင်ငံမှာ သေမယ့်ရက်(ဒါမှမဟုတ်) ရှင်မယ့်ရက်ကိုထိုင်စောင့်နေရမှာကိုတွေးမိရင် ကြောက်မိတယ်။ လူတိုင်းကတော့အသက်ရှင်ချင်ကြတာပဲမဟုတ်လား။ ကျွန်မလဲအဲ့ထဲကလူတစ်ယောက်ဖြစ်နေရုံလေးပါပဲ။ တခါတလေတော့လဲ တခြားဘက်ကတွေးကြည့်မိတယ်။ သေသွားတဲ့အချိန်က ဘာခံစားမှုမှမရှိတော့တဲ့အချိန် လွတ်လပ်သွားတဲ့အချိန်တဲ့။ အဲ့လွတ်လပ်မှုကများ ကျွန်မကိုပျော်ရွှင်အောင်လုပ်ပေးရင်လဲ လုပ်ပေးနိုင်မှာပေါ့။ တစ်ယောက်ထဲအိပ်ရာထဲမှာတွေးချင်ရာတွေးနေတုန်း သိမ့်ဆီကဖုန်း၀င်လာတယ်။ ဒီအချိန်အတန်းတက်နေရမှာကို ဘာလို့ဆက်တာပါလိမ့်။ ကျွန်မလဲသိချင်စိတ်နဲ့အမြန်ကိုင်လိုက်တယ်။

မိုး- ဟယ်လို သိမ့်

သိမ့်- ဟယ်လို မိုး ငါနင့်ကိုအခုပြောမှဖြစ်မယ်ထင်လို့ဖုန်းလှမ်းဆက်လိုက်တာ

မိုး- ဘာပြောမလို့လဲ အလန့်တကြားနဲ့

သိမ့်- အရေးကြီးလို့ပေါ့ဟဲ့ မှိုင်းမိုင်လေ နင့်အိမ်လိပ်စာကိုသိသွားပြီ အဲ့ဒါသူအခုနင့်အိမ်လာနေတယ်

မိုး- ဘယ်လို? သူကငါ့အိမ်လိပ်စာဘယ်လိုရသွားတာလဲ နင်တို့ပြောပြလိုက်တာလား

သိမ့်- ဘယ်ကသာ ငါတို့ကနင်မပြောနဲ့ပြောထားလို့တစက်လေးမှတောင်အသိမခံဘူး အခုဟာက သူကတီချယ့်ဆီသွားပြီးနင့်အိမ်လိပ်စာတောင်းသွားတာဟ

မိုး- ဒုက္ခပါပဲ သိမ့်ရယ် အကုန်ရှုပ်ကုန်တော့မှာပဲ ငါဘယ်လိုလုပ်ရမလဲ

သိမ့်- ငါကနင့်ကိုသတင်းပဲပေးတာ ကျန်တာကနင်ကိုယ်တိုင်ရှင်းမှဖြစ်မှာလေ

မိုး- ငါသိပါတယ် ဒါမဲ့မိုင်ကတဇွတ်ထိုးလုပ်တတ်တာနင်တို့လဲသိတာပဲ အိမ်ရှေ့မှာအော်ကြီးဟစ်ကျယ်လာလုပ်မှာပဲစိုးတာ

သိမ့်- နင်ထွက်တွေ့လိုက်ရင် သူမသောင်းကျန်းလောက်ပါဘူး နားလည်အောင်သေချာရှင်းပြလိုက်ပေါ့ဟာ

ဤမျှသာWhere stories live. Discover now