[Part 30]

1.7K 86 1
                                    

မိုင်ဘွဲ့ယူပြီးတဲ့နောက်ပိုင်းမှာတော့ သူဒီမှာပဲအလုပ်တစ်ခုရှာခဲ့တယ်။ သူ့မိသားစုက မြန်မာပြည်ပြန်လာဖို့ပြောခဲ့ပေမယ့် ကျွန်မဘွဲ့ရတဲ့အထိစောင့်ပြီးမှတူတူပြန်ကြမယ်တဲ့လေ။ ကျွန်မကိုစိတ်မချလို့လားလို့မေးရင် စိတ်မချတာထက်မခွဲနိုင်လို့ဆိုပြီး ပြန်ဖြေလေ့ရှိတယ်။ အခုတော့ ကျွန်မဘွဲ့ယူဖို့ တစ်ပတ်ဆိုတဲ့အချိန်တောင်ရောက်လာပြီ။ ဒီအချိန်မှာကျွန်မတို့အနာဂတ်အတွက်စဉ်းစားကြရတော့တာပေါ့။ ကျွန်မတို့စီစဉ်ထားကတော့ ရှင်းရှင်းလေးပါ။ ကျွန်မဘွဲ့ယူပြီးတာနဲ့ အမေ့ကိုဖွင့်ပြောမယ်။ အမေကကျွန်မဘွဲ့ယူတာကိုကြည့်ဖို့ဒီကိုလာမယ်ဆိုတော့ ဒီမှာပဲတခါထဲမိုင်နဲ့ပေးတွေ့ဖို့စီစဉ်ထားတယ်။ အဆိုးဆုံးအခြေအနေထိစဉ်းစားထားတာမို့ သဘောမတူခဲ့ရင်တောင် သဘောတူတဲ့အထိကြိုးစားဖို့စိတ်ဆုံးဖြတ်ထားတယ်။ ကျွန်မအမေသဘောတူပြီးသွားရင် ကျွန်မတို့နှစ်ယောက် မြန်မာပြည်ပြန်မယ်။ ပြီးရင် မိုင့်ရဲ့မိသားစုနဲ့လိုက်တွေ့မယ်။ သူတို့ဘက်ကလည်း လွယ်လွယ်နဲ့လက်မခံလောက်ဘူးဆိုတာသိထားပေမယ့် ကျွန်မတတ်နိုင်သမျှကြိုးစားမယ်။ နှစ်ဦးနှစ်ဖက်သဘောတူပြီဆိုတာနဲ့ ကျွန်မတို့နှစ်ယောက်လက်ထပ်ပွဲလေးလုပ်မယ်။ ခမ်းခမ်းနားနားကြီးမဟုတ်ဘဲ မိသားစုနဲ့အခင်ဆုံးသူငယ်ချင်းတွေနဲ့ပဲ အကျဉ်းချုံးလုပ်ကြမယ်။ ပြီးရင် နေဖို့ကျတော့မိဘတွေရဲ့ဆန္ဒကိုမေးမယ်။ မိဘတွေကမြန်မာပြည်မှာနေစေချင်ရင် မြန်မာပြည်မှာပဲအခြေချဖို့စဉ်းစားထားတယ်။ ဒါမဲ့မိုင်ကတော့ လွတ်လွတ်လပ်လပ်နေချင်တာမို့ ဂျပန်မှာပဲအခြေချချင်တယ်လို့တော့ပြောတယ်။ ဒါကတော့နောက်မှညှိနှိုင်းကြည့်ရမှာပေါ့။ အခုလောလောဆယ်တော့ သဘောတူပေးဖို့ကိစ္စကိုပဲအလေးအနက်ထားရမယ်။

မိုင်- အသဲလေး ကိုယ့်အကြောင်းစဉ်းစားနေပြန်ပြီလား

ပြတင်းပေါက်နားမှာရပ်ရင်း အတွေးများနေတဲ့ကျွန်မရဲ့ခါးကို အနောက်ကနေဖက်ရင်း ပခုံးပေါ်မေးတင်ကာ မေးလာတယ်။ ကျွန်မပြုံးပြီး ခေါင်းခါပြလိုက်တယ်။

မိုး- ဟင့်အင်း ငါ့တို့အကြောင်းတွေးနေတာ

မိုင်- ကိုယ်တို့အကြောင်း?

ဤမျှသာWhere stories live. Discover now