[Part 25]

1.6K 93 1
                                    

ဒီနေ့နဲ့ဆိုကျွန်မဆေးရုံမှရှိနေတာ ငါးရက်တောင်ရှိပြီ။ ကျွန်မလည်းအများကြီးသက်သာနေပါပြီ။ အမေကလည်းကျွန်မဆေးရုံကဆင်းမှ အိမ်ပြန်မယ်တဲ့လေ။ ဟိုတစ်ယောက်ကတော့ ကျွန်မအမေကကျွန်မအနားအမြဲရှိနေလို့ ကျွန်မနဲ့မတွေ့ရဘူးလို့တော့မထင်လိုက်ပါနဲ့။ အမေ ကျွန်မအနားကနေခနလေးထွက်သွားတဲ့အချိန်တိုင်း သူကခိုးကြောင်ခိုးဝှက်နဲ့ရောက်လာတတ်တယ်။ ပြီးရင်ဘာရယ်မဟုတ် ကျွန်မကိုလွမ်းတဲ့အကြောင်းတွေထိုင်ပြောတော့တာပဲ။ အဲ့မှိုင်းမိုင်ဆိုတဲ့သူကလေ တကယ်ကိုအရှက်မရှိတာသိလား။ စေ့စပ်ထားတဲ့ဇနီးလောင်းကြီးငုတ်တုတ်ရှိနေရဲ့သားနဲ့ ကျွန်မကိုအရင်ကလိုပဲ သူ့ရည်းစားလိုပြောဆိုဆက်ဆံ‌နေတာတွေက ကျွန်မအတွက်အဆင်ပြေမနေပါဘူး။ ကျွန်မသူ့ကိုဘယ်လောက်တွန်းထုတ်တွန်းထုတ် သူကမျက်နှာပြောင်တိုက်ပြီး ရောက်ရောက်လာတာပဲ။ ကြာလာတော့လည်း ကျွန်မလဲသူ့ကိုပြန်ပြောရတာမောလာလို့ ဒီတိုင်းငြိမ်နေလိုက်ရတဲ့အချိန်တွေလဲရှိတာပေါ့။ အခုလည်း အမေကမနက်စာထွက်စားလိုက်အုံးမယ်ဆိုပြီး ထွက်သွားတုန်း သူကအခန်းထဲကိုဟိုကြည့်ဒီကြည့်နဲ့ရောက်လာပြန်ပြီ။ အမေမရှိတာကိုသေချာကြည့်ပြီးမှတော့ သူကသက်ပြင်းချပြီးကျွန်မဆီလာတယ်။

မိုး- သူခိုးလုပ်ရတာ နင်မငြီးငွေ့သေးဘူးလား မှိုင်းမိုင်

မိုင်- မိုးကလဲကွာ သူခိုးလို့မပြောပါနဲ့ ကိုယ်ကဘာပစ္စည်းမှလာခိုးတာမဟုတ်ဘဲနဲ့

မိုး- နင်ခိုးကြောင်ခိုးဝှက်လုပ်နေတာလေ အံ့ဒါသူခိုးမဟုတ်လို့ဘာလဲ

မိုင်- နင့်ကိုမတွေ့ရဘဲမနေနိုင်လို့ အဲ့လိုလုပ်ရတာလေ နင်ပဲနင့်အမေနဲ့မတွေ့စေချင်ဘူးပြောပြီးတော့

မိုး- အင်းလေ နင့်ကိုငါ့အမေနဲ့လဲမတွေ့စေချင်ဘူး ငါကလဲနင့်ကိုမတွေ့ချင်ဘူး

မိုင်- ကြည့်ပါလား ကိုယ့်ကိုရွဲ့နေပြန်ပြီ အချစ်လေးကစိတ်ဆိုးနေတုန်းလား

မိုး- မိုင် နင်ဘာလို့ဘာမှမဖြစ်သလိုနေနိုင်ရတာလဲ ငါနင်နဲ့စနောက်နေတာမဟုတ်ဘူးနော်

ဤမျှသာHikayelerin yaşadığı yer. Şimdi keşfedin