[Part 24]

1.7K 88 3
                                    

ကျွန်မနိုးလာခဲ့ပေမယ့် မျက်လုံးတွေကိုမနည်းအားယူပြီးဖွင့်နေရတယ်။ နားထဲမှာ စကားသံတွေကြားနေရတာကြောင့် ဘေးမှာတစ်ယောက်ယောက်ရှိနေမှန်းခံစားရတယ်။ ဒါပေမယ့် တစ်ယောက်ထဲမဟုတ်ဘူး။ လူနှစ်ယောက်စကားပြောနေကြတဲ့အသံ။ ဘာတွေပြောနေမှန်းသေချာမကြားရတာကြောင့် မျက်လုံးကိုအားယူပြီးဖွင့်ကြည့်လိုက်တော့ မမြင်ချင်တဲ့လူနှစ်ယောက်ကိုမှ မြင်လိုက်ရတယ်။ တစ်ယောက်ကမှိုင်းမိုင်ဆိုတဲ့သူ။ နောက်တစ်ယောက်က မိုင့်ရဲ့ဇနီးလောင်း မေမဒီ။ ကျွန်မသူ့ကိုစားသောက်ဆိုင်မှာတစ်ခါပဲတွေ့ဖူးပေမယ့် သူ့မျက်နှာကိုမှတ်မိနေပါတယ်။ ကျွန်မမှတ်မိနေလောက်အောင် လှတဲ့သူမျိုးပဲကိုး။ သူတို့နှစ်ယောက်ကအခန်းတံခါး၀မှာရပ်ပြီးစကားပြောနေကြတယ်။  သူကဒီကိုဘာလာလုပ်တာလဲ။ သေချာတာကတော့ ကျွန်မကိုလာတွေ့တာမဟုတ်ဘဲ မိုင့်ဆီလာတာပဲဖြစ်ပါလိမ့်မယ်။  ဘာတွေအဲ့လောက်တောင်ပြောနေကြလို့ ကျွန်မနိုးလာတာတောင်မသိကြရတာလဲ။ အဲ့လောက်တောင်မိုးမမြင်လေမမြင်ဖြစ်နေကြတာလားလို့ပင်မေးလိုက်ချင်မိတယ်။ ကျွန်မဘေးပတ်ပတ်လည်ကိုဝေ့ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကြက်နဲ့ ဆေးပစ္စည်းကိရိယာတွေရှိနေပုံထောက်ရင် ကျွန်မဆေးရုံရောက်နေတာဖြစ်လိမ့်မယ်။ ကျွန်မလက်မှာလဲ ဆေးပိုက်နဲ့။ ကျွန်မအဆောင်မှာအားပြတ်ပြီးမေ့လဲသွားလို့ ဆေးရုံခေါ်လာကြတာထင်တယ်။

မိုင်- ဟင် မိုး နင်သတိရလာပြီလား နင်အဖျားကြီးပြီးအားပြတ်သွားတာလို့ဆရာ၀န်ကပြောတယ် နေသာရဲ့လား

အခုမှကျွန်မနိုးနေတာသတိထားသွားမိတယ်နဲ့တူပါရဲ့။ အနားကို‌ပြေးလာပြီး မေးတယ်။ ကျွန်မခေါင်းပဲငြိမ့်ပြမိလိုက်တယ်။ မေမဒီဆိုတဲ့တစ်ယောက်ကလဲ အနားရောက်လာပြီးကျွန်မကိုကြည့်နေတယ်။ ကျွန်မနေရခက်တာနဲ့ စကားလမ်းကြောင်းရှာရတော့တယ်။

မိုး- အန်တီမယ်ရီကော

မိုင်- အော် အဆောင်ခနပြန်သွားတယ် မင်းအတွက်အ၀တ်အစားတွေသွားယူမလို့တဲ့ ခနနေပြန်လာလိမ့်မယ်

မိုး- ဆေးရုံမှာဘယ်လောက်ကြာကြာနေရမှာလဲ

မိုင်- ဆရာ၀န်ကတစ်ပတ်လောက်တော့ နေပြီးစောင့်ကြည့်မယ်တဲ့

ဤမျှသာWhere stories live. Discover now