[Part 28]❤️

2.4K 112 2
                                    

မိုင်နဲ့ကျွန်မအတူရှိလာကြတာ ‌မိုင့်ရဲ့စာသင်နှစ်နောက်ဆုံးနှစ်တောင်ရောက်လာခဲ့ပြီ။ ကျွန်မကတစ်နှစ်နောက်ကျသွားတာဆိုတော့ ကျွန်မကတော့အခုမှ တတိယနှစ်ပေါ့။ ဒီအတောအတွင်း ပျော်ရွှင်ခဲ့ရတယ်ဆိုပေမယ့် စိတ်ညစ်ရတဲ့အချိန်တွေလဲကြုံခဲ့ရတာပေါ့။ မိုင့်မိသားစုက မိုင့်ဘက်ကစေ့စပ်ပွဲဖျက်လိုက်တာကို စိတ်ဆိုးကြတယ်လေ။ ဒါကလဲ သူတို့ကိုသွားအပြစ်တင်လို့မှမရတာ။ ကျွန်မတို့နှစ်ယောက်က မိုက်မဲခဲ့ကြတာကိုး။ စိတ်ဆိုးကြတယ်ဆိုပေမယ့်လည်း ပစ်ပစ်ခါခါကြီးတော့မလုပ်ရက်ကြပါဘူး။ အခုဆို စိတ်ပြေနေကြလောက်ပါပြီ။ ကျွန်မနဲ့သဘောတူပါ့မလားမပြောတတ်ပေမယ့်လို့ ကျွန်မကြိုးစားကြည့်ရမှာပေါ့။ ဒါကိုစိတ်ညစ်စရာလို့တော့ပြောလို့မရသေးဘူးပေါ့။ တကယ့်စိတ်ညစ်စရာက ပတ်၀န်းကျင်ကြောင့်ပါ။ ဂျပန်ဆိုတဲ့နိုင်ငံက ခေတ်မီတိုးတက်တယ်ဆိုပေမယ့် လိင်တူချစ်ကြိုက်တာကိုတော့ လက်ခံတဲ့အထဲမပါ‌သေးဘူးလေ။ မိုင့်ပုံစံက ယောက်ျားလေးတစ်ယောက်လိုဖြစ်နေတော့ တချို့လူတွေက မျက်မှောင်ကြုံ့တတ်ကြတယ်။ ကျွန်မကိုလဲ မိုင့်ဘေးနားမှာအမြဲတွေ့နေရတော့ ကျွန်မတို့နှစ်ယောက်ကို သိပ်ကြိုက်ကြတာမဟုတ်ဘူး။ အဆောင်ကလူတွေကတော့ အကုန်လူကောင်းတွေပါ။ သူတို့ကဘာမှမပြောကြပေမယ့် ကျောင်းက တချို့တချို့သောလူတွေရဲ့စကားသံတွေကိုတော့ ကျွန်မကြားနေရပါတယ်။ အရင်ကစိတ်နဲ့သာဆို ကျွန်မဂရုစိုက်မိလောက်ပေမယ့် အခုတော့နည်းနည်းလေးမှဂရုမစိုက်ချင်တော့ပါဘူး။ သူတို့လဲသူတို့စိတ်နဲ့သူတို့ကိုယ်ပဲလေ။ သွားပြီးရန်တွေ့လို့မှမရတာ။ ကျွန်မကဂရုမစိုက်သလိုနေပေမယ့်လဲ မိုင်ဆိုတဲ့လူသားက စိတ်ကြီးတယ်မလား။ အဲ့တော့တခါတလေ ကျောင်းကလူတွေနဲ့မိုင်နဲ့ရန်တွေဖြစ် ထိုးကြကြိတ်ကြတာတွေလည်းရှိသေးတယ်။ ဒါပေမယ့် ကျောင်းအပြင်ဘက်မှာချိန်းပြီးထိုးကြပေလို့ပေါ့။ ကျောင်းထဲမှာသာဆို သူ‌ကျောင်းထုတ်ခံရမှာ။ အဲ့ဒါတောင်ကျောင်းအုပ်ကြီးအပြစ်ပေးတာခံလိုက်ရသေးတယ်။ နှစ်ရက်ကျောင်းနားခံလိုက်ရတယ်လေ။ အဲ့နေ့တုန်းက အကြောင်းကိုပြန်စဉ်းစားကြည့်လိုက်ရင် ရင်ခုန်စရာ‌ကောင်းသလို ရီတော့ရီချင်စရာကောင်းသား။ အဲ့တုန်းကသူကျွန်မကိုတော်တော်လိုက်ချော့ခဲ့ရတာ။

ဤမျှသာWhere stories live. Discover now