[Part 15]

1.7K 94 0
                                    

မိုင်- မိုး ဘာဖြစ်နေတာလဲ

မိုး- ဟင် ဘာမှမဖြစ်ပါဘူး ဘာဖြစ်နေလို့လဲ

မိုင်- မသိဘူးလေ စကားလဲမပြောဘူး မျက်နှာလဲမကောင်းလို့

မိုး- မနေ့ညကအိပ်ရေးပျက်သွားလို့ဖြစ်မှာပါ

မိုင်- အိပ်ရေးပျက်ရအောင် ဘာတွေလုပ်နေတာလဲ

မိုး- ဘာလုပ်ရမှာလဲ စာလုပ်နေတာပေါ့လို့

မိုင်- အဲ့ဒါဆိုလဲခနအိပ်လိုက်လေ တီချယ်လာရင်နှိုးပေးမယ်

မိုး- အင်းအင်း

ကျွန်မစားပွဲခုံပေါ်မှောက်ပြီး အိပ်လိုက်ဖို့လုပ်ပေမဲ့ မနေ့ညကအကြောင်းကခေါင်းထဲကိုပြန်ပေါ်လာတယ်။

မနေ့ညက, flashback....

မိုး- ဟယ်လို

ဟိန်းသူ- ဟယ်လို ကိုယ်ပါ အိပ်ပြီလား

မိုး- မအိပ်သေးပါဘူး ကိုဟိန်းဘာကိစ္စရှိလို့လဲ

ဟိန်းသူ- ကိစ္စရှိမှဆက်ရမှာလား ဒီအတိုင်းသတိရလာရင်ကော မဆက်ရ‌ဘူးလား

မိုး- အဲ့လိုပြောတာတော့မဟုတ်ပါဘူး

ဟိန်းသူ- ကိုယ် မိုးကိုဘာလို့သတိရတာလဲမမေးတော့ဘူးလား

မိုး- ရပါတယ် မသိချင်တော့ပါဘူး

ဟိန်းသူ- မသိချင်လဲကိုယ်ကဖြေချင်တယ် ကိုယ်မိုးကိုစိတ်၀င်စားတယ် မဟုတ်ဘူး ချစ်တယ်

မိုး- အစထဲကရိပ်မိတာမို့ အံ့မဩတော့ပါဘူး ဒါမဲ့ကိုဟိန်းသိထားသင့်တာက ညီမမှာချစ်သူရှိတယ်

ဟိန်းသူ- အပိုတွေမပြောပါနဲ့ကွာ ကိုယ်မိုးနောက်ကိုလိုက်ကြည့်နေတာကြာပြီ ဘယ်ကောင်နဲ့မှတွဲတာမတွေ့ပါဘူး

မိုး- ညီမတကယ်ပြောနေတာ မယုံရင်ညီမသူငယ်ချင်းတွေကိုမေးကြည့်လို့ရတယ်

ဟိန်းသူ- အတည်ပေါက်ကြီးနဲ့ပြောနေတာပါလား အာ့ဆိုရင်တော့တကယ်ရှိတဲ့ပုံပဲ

မိုး- သူသိသွားရင်ပြသာနာတက်မှာမို့လို့ ကိုဟိန်းကပဲနောက်ဆုတ်ပေးပါနော်

ဟိန်းသူ- ဟာ ဘာလို့ဆုတ်ရမှာလဲ ဒီမှာ မိုး ချစ်သူဆိုတာ ယောက်ျားမှမဟုတ်တာ ကိုယ်ကတော့ကြိုးစားစရာရှိတာဆက်ကြိုးစားရမှာပဲ အဲ့တစ်ယောက်ဆီကမိုးကိုလုရမယ်ဆိုရင်လဲ ကိုယ်လုမှာ

ဤမျှသာWhere stories live. Discover now