[Part 23]💔

2.1K 96 2
                                    

"အချစ် ဂျပန်ကိုလာလည်တာလား မေ့ဆီကိုလာတာလား"

သူ့ကိုယ်သူ"မေ"တဲ့။ ပြီးတော့မိုင့်ကိုလည်း "အချစ်"တဲ့။ ဘာတွေလဲ။ ကောင်မလေးကိုသေချာကြည့်မိတော့ ကျွန်မထက်ငယ်ပုံရတယ်။ ဆံပင်ကုပ်ဝဲလေးနဲ့ အ၀တ်အစားကတော့ခပ်မိုက်မိုက်ပုံစံ၀တ်ထားတယ်။ ရုပ်ကတော့ မှုန်နေအောင်ချောတဲ့အထဲမပါပေမယ့် လူကြိုက်များလောက်တဲ့ရုပ်မျိုး။ အသားကလဲဖြူ အရပ်ကလဲရှည်တော့ မော်ဒယ်လို့တောင်ထင်ရတယ်။ အမှန်တိုင်းပြောရရင် ကျွန်မထက်အစစအရာရာသာနေတဲ့မိန်းကလေးမျိုးဆိုတာတော့ ကျွန်မ၀န်ခံရမယ်။ ကျွန်မနားမလည်နိုင်စွာနဲ့ပဲ မိုင့်ကိုကြည့်လိုက်မိတယ်။ မိုင့်မျက်နှာကပျက်သွားတယ်။ အမှားတစ်ခုခုလုပ်ထားသလိုမျိုး မျက်နှာကပျက်နေတော့ကျွန်မပိုစိတ်တိုရတယ်။ ဒါပေမယ့်လည်း စားသောက်ဆိုင်ထဲမှာဖြစ်တဲ့အတွက် ကျွန်မအတတ်နိုင်ဆုံးစိတ်ကိုလျှော့ပြီး ထိုကောင်မလေးကိုမေးလိုက်တယ်။

မိုး- ဒီကညီမက မိုင်ရဲ့အသိထင်တယ်

"တကယ်တော့ သိတယ်ဆိုတာထက်ပိုပါတယ် ဟုတ်တယ်မလား အချစ်"

အချစ်ဆိုတဲ့စကားလုံးကို သူခေါ်ချင်တိုင်းခေါ်လို့ရတယ်များထင်နေလားမသိဘူး။ မိုင်ကလည်း အဲ့လိုမျိုးအခေါ်ခံနေရတာကြိုက်နေလားမသိပါဘူး။ တခွန်းမှကို၀င်မပြောတာ။ ပြီးတော့ သိတယ်ဆိုတာထက်ပိုတယ်ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။ ဖြစ်နိုင်တာကတော့ မိုင်ရဲ့အရင်ရည်းစားပဲဖြစ်ရမယ်။

မိုး- ဒီကညီမနာမည်က?

မေ- မေမဒီပါ အချစ်ကတော့ကျွန်မကို"မေ"လို့ပဲခေါ်တယ်

မိုး- တော်တော်ရင်းနှီးကြတယ်ထင်တယ်နော် အချစ်လို့ခေါ်နေပုံထောက်ရင်

မေ- ရင်းနှီးရုံတင်ဘယ်ကမလဲ အိမ်ထောင်ဖက်တောင်ဖြစ်တော့မှာ စေ့စပ်ပြီးသား

မိုး- ဟင်

ကျွန်မအရမ်းအံ့ဩသွားတယ်။ အိမ်ထောင်ဖက်တဲ့လား။ စေ့စပ်ပြီးသားတဲ့လား။ အဲ့ဒါဆိုသူတို့နှစ်ယောက်ကလက်ထပ်ကြတော့မှာလား။ ဘာတွေလဲ။ မိုင်ကဒီအကြောင်းတွေကျွန်မကိုဘာလို့မပြောပြရတာလဲ။ ကျွန်မကရော သူ့အတွက်ဘာလဲ။ သူကျွန်မကိုတကယ်ပဲဘယ်လိုတွေသဘောထားနေတာလဲ။ သူဂျပန်ကိုလာတာ ကျွန်မဆီလာတာရောဟုတ်ရဲ့လား။ "မေ"ဆိုတဲ့ကောင်မလေးဆီလာတာများဖြစ်နေမလား။ ကျွန်မစိတ်တိုလွန်းလို့ အံကိုကြိတ်ပြီးမိုင့်ကိုကြည့်မိတယ်။ မိုင့်မျက်နှာကသိသိသာသာပျက်နေပြီး ကျွန်မကိုတောင်းပန်တဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်။ ဟင့်အင်း မကြည့်ပါနဲ့။ အဲ့လိုကြည့်တာလိုချင်တာမှမဟုတ်တာ။ ကျွန်မလိုချင်မိတာ သူ့ဆီက"မဟုတ်ဘူး"ဆိုတဲ့စကားတစ်ခွန်းထဲပါ။ အဲ့ဒါကိုသူမသိလေရော။ ကျွန်မစိတ်တိုပြီးထထွက်သွားမယ်လုပ်တော့ မိုင်ကကျွန်မလက်ကိုဆွဲထားသေးတယ်။ ဒါမဲ့ကျွန်မရုန်းပြီး စားသောက်ဆိုင်ထဲကထွက်ပြီး အဆောင်နဲ့ဆန့်ကျင်ဘက်ကိုခြေဦးလှည့်လိုက်မိတယ်။ ဒီအချိန်ကျွန်မအဆောင်ပြန်ရင်ကျွန်မငိုထားတာသိသာနေမှာမို့ အန်တီမယ်ရီရဲ့မေးခွန်းတွေကိုဖြေရအုံးမှာ။ ထူးဆန်းစွာနဲ့ပဲ မိုင်ကကျွန်မနောက်ကိုလိုက်မလာခဲ့ဘူး။ ကျွန်မနောက်လိုက်ပြီး သူရှင်းပြမှာကိုမျှော်လင့်ထားခဲ့ပေမယ့် သူကစားသောက်ဆိုင်ထဲကတောင် ထွက်မလာခဲ့ဘူး။ ကျွန်မမျက်ရည်တွေ တရစပ်ကျနေမိတယ်။ ကျွန်မသူ့ကိုယုံခဲ့မိသမျှ သူကအားလုံးအလွဲသုံးစားလုပ်လိုက်တာ။ ကျွန်မဆီကိုလိုက်လာတာပြောလို့ ကျွန်မယုံခဲ့မိတယ်။ ကျွန်မကိုစောင့်နေခဲ့တာလို့ပြောလို့ ကျွန်မယုံခဲ့မိတယ်။ ကျွန်မကိုချစ်တယ်လို့ပြောလို့ ကျွန်မယုံခဲ့မိတယ်။ ဒါမဲ့ ဒါတွေအားလုံးကအလိမ်အညာတွေချည်းပဲ။ သူကျွန်မကိုလက်စားချေလို့လုပ်နေတာ။ ကျွန်မသူ့ကိုအသည်းခွဲခဲ့လို့ ကျွန်မကိုသူ့လိုခံစားရအောင်ပြန်လုပ်တာ။ ကျွန်မမဟုတ်လောက်ပါဘူးလို့တွေးခဲ့ပေမယ့် ဒါတွေအားလုံးကအမှန်ဖြစ်နေခဲ့တာပဲ။ ကျွန်မအရူးတစ်ယောက်လိုငိုနေမိတယ်။ အရာအားလုံးအဆင်ပြေနေပြီလို့ထင်ထားတဲ့အချိန်ကျမှ အလိမ်ခံရမှန်းသိလိုက်ရတဲ့ခံစားချက်က အရမ်းဆိုးရွားလွန်းတယ်။ ကျွန်မကအခုဘာဖြစ်သွားပြီလဲ။ သူတို့ကလက်ထပ်တော့မှာဆို ကျွန်မကဘာဖြစ်သွားပြီလဲ။ အပျော်ရည်းစားလား။ လိုသုံးလား။ အဲ့လိုဆိုရင်လည်း ချစ်တယ်ဆိုတဲ့စကားကိုမပြောဘဲနေခဲ့ရမှာပေါ့ မိုင်ရယ်....

ဤမျှသာWhere stories live. Discover now