[Part 35]

1.6K 98 3
                                    

မိုး- မိုင်ရေ ပြီးပြီလား အမြန်လုပ်နော် အိမ်ရှေ့မှာကားရောက်နေပြီ

မိုင်- လာပါပြီကွာ ဒီမှာပစ္စည်းတွေစုံရဲ့လားပြန်စစ်နေလို့

မိုင်ကပြောပြောဆိုဆိုနဲ့အခန်းထဲကထွက်လာတယ်။ ဒီနေ့မိုင့်ရဲ့ပုံစံက အရင်ကထက်ပိုပြီး ကြည့်ကောင်းနေတယ်။ အောက်ကတီရှပ်လက်ရှည်ပေါ်မှာ ဆွယ်တာအကျီလက်ပြတ်ကိုထပ်၀တ်ထားတယ်။ ဘောင်းဘီအနက်ရောင်အရှည်နဲ့ဆိုတော့ သူ့ပုံစံက မသိရင်အရမ်းချောတဲ့သူဌေးသားလိုလို ဘာလိုလိုပေါ့။ ကျွန်မကတော့ ရိုးရိုးမြန်မာအကျီ၀တ်ထားတာဆိုတော့ သူနဲ့မလိုက်မဖက်ဖြစ်နေလောက်ပါတယ်။ ဘောင်းဘီတွေဘာတွေ၀တ်လို့လဲမဖြစ်ဘူးလေ။ မိုင့်မိသားစုနဲ့ပထမဆုံးတွေ့တဲ့နေ့မှာ ယဉ်ကျေးမှုမရှိရာရောက်မှာလည်း စိုးရိမ်မိသေးတယ်။ သွားမယ့်သာ သွားရတာ။ မျက်လုံးကခပ်လှုပ်လှုပ်ပဲ။ သဘောတူဖို့နေနေသာသာ တခါထဲငြင်းလိုက်ရင်ဘယ်လိုလုပ်ရပါ့။ ဘာပဲဖြစ်လာလာ မိုင်ရှိနေတာပဲလေဆိုတဲ့စိတ်နဲ့ အားတင်းထားရတာ။ အရင်စိတ်နဲ့သာဆိုရင် ကျွန်မကြောက်ပြီးထွက်ပြေးမိလောက်ပေမယ့် အခုကသူမရှိရင်မနေနိုင်တော့ပြီမလား။

မိုင်- ဟိတ် ကောင်မလေး ကိုယ့်ကိုကြည့်လို့၀ပြီလား

မိုး- သူ့ကိုကြည့်ရတယ်ပဲရှိသေး ပြောင်စပ်စပ်လုပ်မနေနဲ့ ဟိုမှာကားရောက်နေပြီ အမြန်လာတော့

ငှားထားတဲ့ တက္ကစီကားပေါ်ကိုအထုပ်တွေတင်ပြီးနောက် ကျွန်မတို့နှစ်ယောက်လဲ ကားပေါ်တက်လိုက်တယ်။ ပုံမှန်ဆို အဝေးပြေးကားနဲ့သွားဖို့စီစဉ်ထားခဲ့ပေမယ့် မိုင့်အမေက ကားသက်သက်ငှားပေးတာမို့ လမ်းခရီးတစ်လျှောက်တော့ အဆင်ပြေချောမွေ့ခဲ့တယ်။ စဉ်းစားကြည့်မယ်ဆို မိုင့်အမေကမိုင့်ကိုတော်တော်ချစ်တာပဲ။ မိုင်အဆင်ပြေဖို့ဆို ဘာမဆိုလုပ်ပေးတယ်။ မိုင့်ရဲ့ဆန္ဒတွေကိုလည်း တော်တော်များများလိုက်လျောပေးခဲ့တာပဲ။ သူ့ဘက်ကပြန်တောင်းဆိုတာဆိုလို့ မေမဒီနဲ့လက်ထပ်ဖို့ပဲရှိခဲ့တာတဲ့။ ဒါပေမယ့် ကျွန်မကြောင့်လက်ထပ်ဖို့ကိစ္စကပျက်သွားတာဆိုတော့ ကျွန်မကိုအမြင်ကြည်ချင်မှကြည်လိမ့်မယ်။ အမြင်မကြည်ဘူးဆိုရင်တောင် ကျွန်မဘက်ကအတတ်နိုင်ဆုံး မိုင့်မိသားစုနဲ့အဆင်ပြေအောင်နေမှာပါ။ အတတ်နိုင်ဆုံးပေါ့လေ...

ဤမျှသာWhere stories live. Discover now