[Part 39]

1.7K 96 0
                                    

ရှစ်ရက်မြောက်နေ့-

မိုး- ဝါး! ပင်လယ်နံ့တွေကိုအခုထဲကရနေပြီ

လေကောင်းလေသန့်ရှူဖို့ ကားဘေးမှန်ကိုဖွင့်လိုက်တာနဲ့ ပင်လယ်နံ့ရတာမို့ ကျွန်မတို့ပင်လယ်နဲ့နီးလာပြီဆိုတာ သိလိုက်ရတယ်။ ဒီနေ့ ကျွန်မနဲ့မိုင်နှစ်ယောက်ထဲ ပင်လယ်ဘက်ကို နှစ်ညအိပ်ခရီးထွက်လာကြတယ်။ ပုံမှန်ဆို မိုင်က ကား‌မမောင်းပေမယ့် နှစ်ယောက်ထဲသွားချင်တယ်လို့ကျွန်မ‌ပူဆာတာနဲ့ သူကိုယ်တိုင်ကားမောင်းလေရဲ့။ ကားကိုတော့ မိုင့်ရဲ့အစ်ကို၀မ်းကွဲဆီက ခနငှားလာတာပေါ့။ တကယ်ဆို မိုင်ကားမောင်းတတ်တာကို ကျွန်မသိတောင်မသိခဲ့ဘူး။ သူကလည်းမပြောပြခဲ့ဘူးလေ။ ကျွန်မ ဂျပန်ထွက်သွားတုန်းက စိတ်ပြေလက်ပျောက်သင်ထားတာတဲ့။

မိုင်- မိုးလည်း အရင်ကပင်လယ်မရောက်ဖူးဘူးလား

မိုး- တစ်ခေါက်တော့ရောက်ဖူးတယ် ဖေဖေမဆုံးခင်တုန်းက‌ ဖေဖေနဲ့အတူသွားခဲ့တာ ဖေဖေမရှိတော့တဲ့နောက်ပိုင်း ထပ်မသွားဖြစ်တော့ဘူး အမှတ်တရတွေအများကြီးမို့လို့သွားရင်သတိရပြီး ငိုနေမိမှာ

မိုင်- ကိုယ်သွားချင်တယ်ပြောတော့ ဘာလို့လက်ခံတာလဲ

မိုး- ဖေဖေကတွေ့ချင်မယ်ထင်လို့လေ မိုင့်ကို

မိုင်- မိုးအဖေသာ ကိုယ့်ကိုတွေ့မယ်ဆိုရင် ဘာပြောမယ်ထင်လဲ

မိုး- ရုပ်ဆိုးလိုက်တာပြောမှာပေါ့ ဟားဟား

မိုင်- နောက်တယ်ဟုတ်လား တွေ့မယ်နောက်မှ အခုကားမောင်းနေလို့ လွတ်သွားတယ်မှတ်ပါ

မိုး- ‌နောက်တာကိုစိတ်ကြီးပဲ ဖေဖေဘာပြောမလဲတော့မသိပေမယ့် သေချာတာကတော့ မိုင့်ကိုကြည်ကြည်ဖြူဖြူနဲ့လက်ခံမယ်ဆိုတာပဲ

မိုင်- ကိုယ်တို့အမေတွေလိုပေါ့ အဟင်း

"မိုင့်အမေကိုလည်း အဲ့ထဲပါစေချင်တာပေါ့"ဆိုတဲ့စကားကိုတော့ ကျွန်မစိတ်ထဲကပဲပြောလိုက်တယ်။ ကျွန်မမိုင်နဲ့အတူရှိနေဖို့ရက်ကသိပ်မကျန်တော့ဘူး။ ကျန်တဲ့အချိန်လေးမှာ ၀မ်းနည်းစရာတွေမတွေးတာပဲကောင်းပါတယ်။ ပျော်ရမယ့်အချိန်မှာ ပျော်ထားမှ ကျွန်မနောက်ဆံတင်းမနေမှာ။

ဤမျှသာWhere stories live. Discover now