[Part 33]

1.5K 95 1
                                    

သိမ့်- ဟဲ့ ငါတို့ကိုနင်ကျွေးရမှာနော် နင်တို့နှစ်ယောက်အဆင်ပြေတာ ငါတို့ကြောင့်ဆိုတာသိတယ်မလား

မိုး- အေးပါဟယ် နင်တို့ပါးစပ်မလုံလို့ မိုင်ကငါ့ဆီလိုက်လာတယ်ဆိုတော့လည်း ကျွေးရတော့မှာပေါ့

ယွန်း- အမလေးလေး လူကိုများပြောနေလိုက်တာ ပါးစပ်မလုံဘူးဖြစ်ရသေးတယ် နင်တို့နှစ်ယောက်ဆွေးနေတာမကြည့်ရက်လို့ပြောလိုက်တာဟဲ့ သိလား

မိုး- ငါသိပါတယ်ဟယ် နင်တို့ကူညီလို့ငါအခုမိုင်နဲ့အတူရှိခွင့်ရတာ ငါအဲ့ကျေးဇူးတသက်မမေ့ဘူး

ဖူး- တသက်မေ့စရာမလိုဘူး အခုမမေ့ဖို့ပဲအရေးကြီးတယ် ငါဒီနေ့အပီဆွဲမှာနော် ပိုက်ဆံရှင်းဖို့ပြင်ထားကြ

မိုး- အမလေး စားစမ်းပါဟယ် တစ်ဆိုင်လုံးကုန်အောင်စားလည်းရတယ်

ပုံပုံ- ကြိုက်ပြီဟေ့

သိမ့်- နေပါအုံး မှိုင်းမိုင်ကဘာလို့အဲ့လောက်ငြိမ်နေတာဂလဲ

ယွန်း- အင်းလေ မျက်နှာကြီးကသုန်မှုန်နေတာပဲ

ကျွန်မရီမိလိုက်တယ်။ သူ့မျက်နှာကြီးကလည်း သိမ့်တို့ပြောသလို အီးမှန်တဲ့ရုပ်ကြီးဖြစ်နေတာကိုး။ အဲ့လိုဖြစ်နေရတဲ့အကြောင်းရင်းကတော့ ကျွန်မကို၀အောင်မနမ်းလိုက်ရလို့တဲ့။ သိမ့်တို့နဲ့ချိန်းထားတာ နောက်ကျမှာစိုးလို့ ဆက်အနမ်းမခံတော့တာကို မကျေမနပ်ဖြစ်နေလေရဲ့။ လာတဲ့လမ်းမှာလဲ သူနမ်းတာကိုကျွန်မကရှောင်လိုက်မိသေးတယ်။ အဲ့ဒါကလည်း အနမ်းမခံချင်လို့မဟုတ်။ သူကသိတဲ့အတိုင်းနမ်းရင် အရာတွေပါထင်လာအောင်လုပ်တာလေ။ အဲ့တော့ သိမ့်တို့တွေ့သွားရင်မကောင်းလို့ ရှောင်လိုက်တာကိုစိတ်ဆိုးနေတာ။ တကယ့်ကိုကလေးကြီးလုပ်နေတာပါဆို။ နောက်မနမ်းရတော့မှာကျနေတာပဲ ဖြစ်နေတဲ့ပုံက။

မိုင်- ဘာရီတာလဲ လူကိုနှိပ်စက်ရတာပျော်နေတယ်ဟုတ်လား

မိုး- ဟော့တော် လူကိုအရင်းမရှိအဖျားမရှိစွပ်စွဲနေပြန်ပါပြီ ဘယ်မှာနှိပ်စက်နေလို့လဲ ဒီမှာငြိမ်ငြိမ်လေးထိုင်နေတာကို

ဤမျှသာWhere stories live. Discover now