[Part 13]

1.8K 125 0
                                    

ဒီနေ့ ကျောင်းသက်ြန်နေ့။ သက်ြန်ရက်တွေကတော့ပြီးသွားပေမယ့် ကျောင်းမှာကျောင်းသားတွေအားလုံးသက်ြန်‌ကိုတူတူဖြတ်သန်းရအောင် ရက်သတ်မှတ်ပေးတဲ့သဘောပေါ့။ ရန်ကုန်တက္ကသိုလ်မှမဟုတ်ဘူး။ တခြားတက္ကသိုလ်တွေလဲဒီနေ့ကျောင်းသက်ြန်ရှိတယ်လို့ကြားမိပါတယ်။ ဒီနေ့ကျွန်မရဲ့အစီအစဉ်အတိုင်း သိမ့်နဲ့ကျွန်မနဲ့မနက်စောစော ဖူးဆီရောက်လာကြတယ်။ ဖူးက မိတ်ကပ်တောင်ပြင်ပြီးပြီ။ တကယ်တော့သက်ြန်စတိတ်ရှိုးက ၉နာရီမှစမှာပါ။ အခု၇နာရီခွဲပဲရှိသေးတယ်။

သိမ့်- ဟဲ့ ဖူး နင်မိတ်ကပ်တောင်လိမ်းပြီးပြီ ဟုတ်လား

ဖူး- အေးလေ ကြိုပြင်ထားရတာပေါ့

မိုး- စောလွန်းမနေဘူးလား အခုမှ၇ခွဲရှိသေးတယ်

သိမ့်- ဟုတ်ပါ့ဟယ် နင်စောပြင်ထားတာအရေးမကြီးဘူး တော်ကြာဒီကြားထဲရေပက်ခံနေရမှ အစအဆုံးပြန်ပြင်နေရမယ်

ဖူး- ဖွဟဲ့ လွဲပါစေဖယ်ပါစေ ဘာလို့ရေပက်ခံရမှာလဲ ငါဒီထဲမှာပဲနေမှာ ဘယ်သူမှလာပက်လို့မရဘူး

မိုး- အေးပါဟယ် ရော့ မုန့်၀ယ်လာတယ် အရင်စားလိုက်အုံး

ဖူး- ဟယ် ဘာတွေ၀ယ်လာကြတာလဲ

သိမ့်- နင်ကြိုက်တဲ့ဟမ်ဘာဂါ၀ယ်လာတာ ပြီးတော့ဒါကမိုးကသူကိုယ်တိုင်အိမ်ကဖျော်လာတာ ထောပတ်သီးဖျော်ရည်တဲ့

ဖူး- အိုးမိုင်ဂေါ့ ထောပတ်သီးဆိုအရမ်းကြိုက် ကျေးဇူးပဲ မိုးရေ

မိုး- ရပါတယ်ဟာ မလိုပါဘူး နင်သာစင်ပေါ်မှာကောင်းကောင်းက

ဖူး- အေးပါအေးပါ ကမှာပါ စိတ်ချ

မနက်၉နာရီ,

မိုး- ဖူးရေ နင့်ကိုခေါ်နေပြီ စင်ပေါ်တက်ရတော့မယ်တဲ့

ဖူး- လာပြီ လာပြီ

သိမ့်- ဟဲ့ ဖူးလဲသွားပြီဆိုတော့ ငါ‌တို့ရေသွားဆော့မယ်လေ အပြင်မှာမေဂျာအလိုက် ရေဆော့တဲ့နေရာတွေလုပ်ထားပေးတယ်တဲ့

မိုး- ဟုတ်လား အေး ငါလိုက်တော့လိုက်ခဲ့မယ် ဒါမဲ့ရေဆော့လို့တော့မရဘူးဟ

ဤမျှသာWhere stories live. Discover now