[Part 6]

2.1K 139 0
                                    

သိမ့်- ဟဲ့ နင့်ကြည့်ရတာမှိုင်နေသလိုပဲ စိတ်ညစ်စရာရှိလို့လား

မိုး- မရှိပါဘူး ဒီလိုပါပဲ

ယွန်း- ဘာဒီလိုပါပဲလဲ တခုခုဖြစ်ရင်ငါတို့ကိုပြောရမယ်လေ

မိုး- မနေ့ညကအိပ်ရေးပျက်ထားလို့ ခေါင်းကိုက်နေရုံလေးပါ တကယ်ဘာမှမဖြစ်ဘူး

သိမ့်- နင်အခုတလောအိပ်ရေးတွေညတိုင်းပျက်နေသလိုပဲ နင်တခုခုတော့ဖြစ်နေပါတယ် ငါတို့ကိုပြောပြစမ်းပါ

ယွန်း- ငါခန့်မှန်းကြည့်ရမလား နင်အသဲကွဲနေတာဖြစ်မယ်

မိုး- နင်ကဘာလို့အဲ့လိုထင်တာလဲ

ယွန်း- ဘာလဲ မှန်သွားတယ်မလား

သိမ့်- အာ့ဆိုဖူးကြောင့်လား

မိုး- ဟင် ဘယ်ကဖူးကပါလာတာလဲ နင် နင်တို့နော် ဘယ်ကကောလဟာလတွေကြားလာတာလဲ

သိမ့်- အမလေးဟယ် ဘယ်ကမှမကြားဘူး။ ငါတို့မျက်လုံးနဲ့မြင်နေရတဲ့ဟာကို

ယွန်း- ဟုတ်ပါ့ နင်ဖူးကိုသူငယ်ချင်းထက်ပိုနေတာ ငါတို့မသိဘူးများထင်နေလား

မိုး- နင်တို့ကဘယ်လိုသိတာလဲ

သိမ့်- ဟဲ့ မိုးရယ် နင်ကသာသတိမထားမိတာ ဘေးလူတွေကအကုန်သိတယ်ဟဲ့။ နင်ဖူးကိုဂရုစိုက်ပေးတာတွေ သူ့ကိုကြည့်တဲ့အကြည့်တွေက ရိုးမှမရိုးသားတာ

မိုး- ငါ‌... ငါတောင်းပန်ပါတယ်ဟာ

ယွန်း- ဟဲ့ ပလုတ်တုတ် ရုတ်တရက်ကြီးဘာတွေတောင်းပန်နေတာလဲ

မိုး- ငါသူ့ကိုမကြိုက်သင့်မှန်းသိပါတယ် ဒါပေမဲ့လေ.. ငါက... ငါကဟာ ငါ့ကိုယ်ငါမထိန်းနိုင်တာဟ။ ကြိုက်စရာရှိရင်မိန်းကလေးဖြစ်နေလဲကြိုက်လိုက်မိတာ ငါကငယ်ငယ်ထဲကအဲ့လိုပဲ။ နင်တို့ကိုမပြောပြခဲ့တာလဲ နင်တို့ငါ့ကို.. ဘယ်လိုပြောရမလဲ.. မုန်းသွားမှာကို‌ေကြာက်တာဟာ သိလား။ အဲ့တော့လေ.....

သိမ့်- အမလေးလေး ဘေးကနားထောင်နေရတဲ့ငါတောင်မောလာပြီ။ ရေသောက်ချင်သေးလား

မိုး- သိမ့်နော် မနောက်နဲ့ အတည်ပြောနေတာကို

ယွန်း- နင်ကအရမ်းတွေရှင်းပြနေတာကိုး ငါတို့လဲခေတ်လူငယ်တွေပါဟယ် ဒီလိုမျိုးတွေနားမလည်ပေးနိုင်စရာမှမရှိတာ

ဤမျှသာWhere stories live. Discover now