[Part 22]❤️

2.5K 107 1
                                    

မနက်မိုးလင်းတော့ ကျွန်မအရင်နိုးလာတယ်။ ဒီနေ့ကကျောင်းပိတ်ရက်ဆိုတော့ alarmသံမပေးမိထားပေမယ့်လဲ နေ့တိုင်းငါးနာရီထနေကျဆိုတော့ အစောကြီးနိုးလာခဲ့တယ်ထင်ပါရဲ့။ ဘေးက စားပွဲ‌ပေါ်မှာတင်ထားတဲ့နာရီကိုကြည့်လိုက်တော့ ငါးနာရီခွဲပဲရှိသေးတယ်။ ဆက်မအိပ်ချင်တော့တာနဲ့ထမယ်လုပ်လိုက်တော့မှ တင်းနေအောင်ဖက်ထားတဲ့အထိ‌အတွေ့ကြောင့် ညကကိစ္စတွေကိုပြန်သတိရသွားတယ်။ "မှိုင်းမိုင်" ဆိုတဲ့ကျွန်မချစ်ရတဲ့သူ။ သူကကျွန်မခါးကိုအနောက်ကနေတင်းအောင်ဖက်ထားပြီး အိပ်ပျော်နေသေးတာမို့ ကျွန်မလှုပ်လို့တောင်မရဘဲဖြစ်နေတယ်။ ဘယ်တုန်းကဒီလောက်အားတွေရှိသွားတာလဲမသိဘူး။ ဒီအတောအတွင်း လေ့ကျင့်ခန်းတွေများလုပ်နေသလား။ အရင်တုန်းကလဲ အားကြီးပေမယ့် အခုကယောက်ျားတစ်ယောက်လို သန်မာနေတယ်လို့ပြောရမလား။ ကျွန်မသူမနိုးအောင်အသာလေး လည်ပြန်လှည့်ကြည့်လိုက်ပြီးသူ့မျက်နှာကိုကြည့်နေလိုက်တယ်။ အရင်တုန်းကလဲချောတယ်ဆိုပေမယ့် အခုကျဘာလို့ပိုကြည့်ကောင်းနေရတာလဲ။ ဒီလိုပုံစံနဲ့တော့ ငါတော့သ၀န်တိုရတော့မှာပဲ မိုင်ရယ်။

မိုင်- ငါအရမ်းချောတယ်မလား

ရုတ်တရက်ကြီးမျက်စိမှိတ်ထားရင်းပြောလိုက်တာမို့ ကျွန်မလန့်သွားတယ်။ ဘာလဲ သူနိုးနေတာလား။ ကျွန်မသူ့ကိုကြည့်နေတာလဲသိနေတာလား။ အား တကယ်ပါပဲ ရှက်လိုက်တာ။ မိုးမြတ်သခင်တော့ သူနဲ့ကျမှအရှက်တွေကွဲလိုက်တာဆိုတာ။ ကျွန်မရှက်ပြီး မျက်နှာလွှဲဖို့လုပ်တော့ သူကခါးကိုဆွဲဖက်ပြီးသူနဲ့မျက်နှာချင်းမဆိုင်ဆိုင်အောင်လုပ်တယ်။ ရှေင်လို့မရမှန်းသိတော့ ကျွန်မခေါင်းပဲငုံ့ထားလိုက်တယ်။

မိုင်- ဘယ်လိုဖြစ်လို့မျက်နှာကိုငုံ့ထားတာလဲ မော့ပါအုံး ကြည့်ချင်လို့ပါဆို ရှက်နေတဲ့မျက်နှာကို

မိုး- မိုင်နော် မစနဲ့ ငါစိတ်ဆိုးလိုက်တော့မှာ

မိုင်- ဟာ ဘာမှလဲမလုပ်ဘဲနဲ့ သူများမျက်နှာကိုခိုးကြည့်နေတာကမိုးလေ

မိုး- ဘာလို့ခိုးကြည့်ရမှာလဲ ဒီတိုင်းနင်နိုးပြီလားလို့ကြည့်တာ

ဤမျှသာWhere stories live. Discover now