Chapter 4- ကွက်လပ်

1.5K 309 17
                                    

Unicode

ချီချင်းဘဝတွင် စိတ်ရောဂါကုဆရာဝန်များစွာ ‌တွေ့ခဲ့ဖူးသည်။ သို့သော် ပထမဆုံး‌တွေ့ဆုံခြင်းတွင် ဒီလိုလုပ်ရဲသူကတော့ ဒီလူတစ်ယောက်သာ ရှိသည်။

သူ့လက်အိတ်အနက်ရောင်က ထိုသူ့လက်ထဲ ရောက်သွားခဲ့သည်။ ရိုးရှင်းလှသော လုပ်ရပ်ဖြစ်ကာ ဘာအဓိပ္ပါယ်မှ မပါဟု ထင်ရသော်လဲ ထိုသူ၏ အပြုအမူဖြစ်သောကြောင့် ဆွဲဆောင်နေသည်ဟု ထင်ရသည်။

ထိုသူ : " မလှုပ်နဲ့..  ကိုယ် မင်းကို မကိုက်စားပါဘူး.. ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"

ချီချင်း : " အနားကပ်မလာနဲ့နော်"

ထိုသူ : " မင်း ဒီလိုသာ ဆက်လုပ်‌နေမယ်ဆိုရင် ညစ်ပတ်မှာ ကြောက်တဲ့ရောဂါ ဘယ်အချိန် ပျောက်နိုင်မယ်လို့ထင်လဲ.. မင်း ‌ဆေးခန်းကို ဆေးကုဖို့လာတာ ဒီလိုစွာတေးလန်နေလို့ ရမယ်ထင်လား..  သည်းခံ"

ချီချင်း : " ..."

ထိုသူက လက်အိတ်ကို လက်ဆစ်လေးများထိအောင် ဆွဲချွတ်ပစ်လိုက်သည်။ နေရောင်ထိ‌တွေ့မှု မရှိ‌သလောက် နည်းသော လက်ချောင်းလေးများမှာ သွေးမလျှောက်တော့ဟု ထင်ရလောက်အောင် ဖြူအုနေသည်။ လက်ဆစ်လေးများ ပါးလွှာလွန်းသောကြောင့် မြင်ရသူတိုင်း နှစ်ခါပြန်မကြည့်ပဲ မနေနိုင်။

ချီချင်းမှာ အသက်ပြင်းပြင်းရှူကာ "လူသတ်ရင် အပြစ်ခံရမယ်"ဟူ၍ ‌စိတ်ထဲမှ ရေရွတ်ရင်း စိတ်မသက်မသာဖြစ်နေသည်ကို သည်းခံကာ မျက်ခွံလှန်ကြည့်သည်။

‌ဆံရှည်ဝဲတဲတဲက နဖူးတစ်ဝက်ကို ဖုံးထားသော်လဲ နက်ရှိုင်းလွန်းသော မျက်ဝန်းလေးများကိုတော့ မြင်နေ‌ရသေးသည်။ မိုးလေဝသကောင်းသော နေ့ဖြစ်သော်လဲ ပြတင်းပေါက်မှ ဖြတ်ဝင်လာသော နေရောင်ခြည်က မိုးဆက်တိုက်ရွာထားသော ပတ်ဝန်းကျင်ကို လင်းထင်းအောင် မစွမ်းဆောင်နိုင်သဖြင့် အခန်းထဲမှ အလင်းက မှိန်ပျလျက် ရှိသည်။

ချီချင်းစိုက်ကြည့်နေသည်ကို ခံစားမိသော ထိုသူက နှစ်စက္ကန့်အကြာတွင်တော့ သူ့စကားကို စောင့်ဆိုင်းနေမှန်း သဘောပေါက်သွား၏။

ထိုသူက ချီချင်းလက်ကို တစ်ချက်ကိုင်ကြည့်ရင်း သတိထား၍ စကားစသည်။
" အမ်... မင်းရဲ့လက်က အရမ်းလှတာပဲ‌နော်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now