Chapter 27- လက်အိတ်

1.1K 244 26
                                    

Unicode

စိတ်ပညာအကျိုးသက်ရောက်မှုကြောင့်လား တစ်တိုက်လုံးမှလူများ အိပ်ပျော်နေကြ၍လားတော့မသိ။ ရှဲ့လင် လက်ကို ကိုင်ပြီးပြန်လာတော့ ထိုနေ့က ချီချင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။

အိပ်မက် လုံးဝမမက်။ ဘာအသံမှ မကြားရသလို ရုတ်တရက်ကြီး လန့်နိုးလာတာလဲမရှိ။

မနက်နေထွက်ခါနီး၍ တိုက်ထဲမှ လူများ နိုးလာကာ လှုပ်စိလှုပ်စိနှင့်မို့ အသံများ ကျယ်လာကြသည်။

တစ်ညလုံး အိပ်ပျော်သည့်အချိန်မှာ ငါးနာရီပင် မပြည့်သော်လဲ တစ်ပတ်လုံး တစ်နာရီပင် မနည်းအိပ်ရသော ချီချင်းအတွက်တော့ အံ့ဖွယ်ဖြစ်ရပ်ဖြစ်၏။

အိပ်ရာဘေးမှ နှိုးစက်နာရီကို လှမ်းယူလိုက်တော့ မနက်ကိုးနာရီအချိန်ကို ညွှန်ပြနေသည်။

တစ်စုံတစ်ယောက်က ဓာတ်လှေကားခလုပ်ကို အသည်းအသန် နှိပ်နေသည်။
~~~ အရေးကြီးစာရွက်စာတမ်းကိုမှ ကျန်ခဲ့တယ်.. ဒီနေ့တော့ အလုပ်နောက်ကျတော့မှာပဲ.. မန်နေဂျာကလဲ ဆူဦးမယ်.. အလုပ်ကပြန်လာရင်တော့ ထီထိုးမှ ဖြစ်တော့မယ်..  ထီသာပေါက်ကြည့် ချက်ချင်းအလုပ်ထွက်ပစ်မယ်~~~

အိမ်တွင် အနားယူချင်နေသည့်သူများ ရှိသလို အလုပ်သွားချင်လွန်း၍ သောကရောက်နေသည့်သူလဲ ရှိသေး၏။
~~~ ဒီအဖျားကလဲ ဘယ်တော့မှ ပြန်ကောင်းမှာလဲမသိဘူး.. ငါ့ဘဝတက်လမ်းက အခုမှ အရှိန်ယူကောင်းနေတုန်းကို.. အချိန်တိုင်းက တန်ဖိုးရှိနေတာ.. တော်ကြာ ငါ့ကိုလိုက်ပြိုင်နေတဲ့ ဟိုတစ်ယောက်ကသာ ငါ့ထက်သာသွားရင်ရော .. ရာထူးတိုးမှ ရ‌မှာကို~~~

အိပ်ရာနိုးလာတော့ ချီချင်း နည်းနည်းနေသာလာသလို ရှိသည်။ ဆေးသောက်နေသည့် တစ်ချိန်လုံး နားထဲမှ စကားသံတို့က အကြောင်းအရာတစ်ခုပြီးတစ်ခု ပြောင်းနေသည်။

တစ်တိုက်လုံးမှ လူအကုန် အလုပ်သွားသည့်အချိန်တွင် တိုက်ခန်းထဲ ကျန်နေသူများမှာ အလုပ်မသွားနိုင်၍ ရာထူးမတိုးမှာ စိုးရိမ်နေသူ.. ပင်စင်ယူထားသော အဖိုးအဖွားများ.. ကျောင်းပိတ်ထားသော ကလေးများနှင့် နေ့လည်မှသာ အိပ်ရာနိုးသော အမူးသမားများသာ ဖြစ်သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now