Chapter 89 - နှစ်သိမ့်ပေး

1K 274 23
                                    

Unicode

ရှဲ့လင်က ဆင်ခြေတစ်ခုရှာလိုက်သည်။

" ဆိုင်ရှင်ကြီး.. ကျွန်တော့်ကုမ္ပဏီကနေ အရေးကြီးဖုန်းလာစရာရှိလို့.. ဖုန်းလေး ပြန်တောင်းချင်လို့ပါ"
ဟူသော ဆင်ခြေနှင့် ဖုန်းပြန်တောင်းခဲ့ခြင်းဖြစ်သည်။

ဆိုင်ရှင်က သူတို့နှစ်ယောက်ကို လျှို့ဝှက်လမ်းတစ်ခုမှ ခေါ်လာသည်။ ကျဉ်းမြောင်းရှည်လျားသော လျှို့ဝှက်လမ်းကို ဖြတ်နေစဉ် ဆိုင်ရှင်က သူတို့ကို မရေမရာစကားတစ်ခွန်းပြောလေသည်။
" ခုနက ကြောက်နေတာ ခင်ဗျားမဟုတ်ဘူးလား... ဟိုဘက်က ကောင်လေးကတောင် မျက်နှာတောင် တစ်ချက်မပြောင်းတဲ့ဟာကို"

ရှဲ့လင် : " သူက အရမ်းကြောက်ရင် ဒီလိုပဲ မျက်နာလေးတည်နေတာလေ"

ဆိုင်ရှင် : " ဟုတ်လို့လား"

ရှဲ့လင်က တစ်ဖက်လှည့်ကာ ပြန်မေးလိုက်သည်။
" ဟုတ်လို့လားတဲ့"

"..."
ရုံးချုပ်ကို ရောက်ပြီး‌မှ အလောင်းများကို ခဏခဏ မြင်ခဲ့ရသော ချီချင်းက မျက်နှာတည်တည်နှင့် ပြန်ဖြေသည်။
" ဟုတ်ပါတယ်"

မြင်ဖူးခဲ့သမျှ အလောင်းများနှင့် တောင်တစ်တောင် တည်၍ ရနိုင်သော ရှဲ့လင်က အရှက်မရှိ ဝင်ပြောသည်။
" ကျွန်တော်ရောပဲ.. ဒီလောက် အစစ်နဲ့တူတဲ့အလောင်းမျိုး ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်.. ပုံမှန်ဆို ကျွန်တော်က ခြင်တောင် သတ်ဖူးတာမဟုတ်ဘူးဗျ"

ချီချင်း : "..."

ကျန်တာတွေ အသာထားလိုက်ပါဦး.. သူ့ဘေးတွင်နေ၍ အလောင်းကောင်ကို ကြောက်သည်ဟု တတွင်တွင် ပြောနေသော အမျိုးသားမှာ လွန်ခဲ့သည့် ရက်ပိုင်းကပင် လော့ယွီ၏ မျက်နှာအရေခွံကို ဘယ်လိုကြော်ပါက ဆီပိုထွက်မည့်အကြောင်း တစ်ချိန်လုံး တွေးနေခဲ့တာ မဟုတ်ပါလား...

ရှဲ့လင်ကတော့ စီးပွားရေးသမားတစ်ယောက်၏ စွမ်းရည်ကို ပြသသည့်အနေနှင့် စကားတွေအများကြီးပြောနေသည်။
" ခင်ဗျားတို့ ဒီနမူနာပစ္စည်းတွေ ဘယ်ကဝယ်တာလဲဗျ... ဒီလောက်အစစ်နဲ့တူတယ်ဆိုမှတော့ တော်တော်ဈေးကြီးမှာပဲ...ကျွန်တော်လဲ စီးပွားရေးသမားတစ်ယောက်ပဲလေ.. ဒီလိုလျှို့ဝှက်ခန်းမျိုးဖွင့်တာ အမြတ်တော်တော်ကျန်လား.. ဖွင့်ရင် ဘယ်လောက်လောက် ကုန်လဲ..‌ ငွေလည်ပတ်မှုကရော ကောင်းလား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now