Chapter 15- အမှုဟောင်း

1.2K 295 12
                                    

Unicode

" ကျွန်တော် ဓားခိုးခဲ့တာ"

ကျောင်းသားလေး၏ နာမည်ရင်းမှာ လီခန်းဖြစ်၏။ ထိုကျောင်းသားလေးက စစ်မေးခန်းထဲတွင်ထိုင်ကာ ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ကျောင်းဝတ်စုံ၏ လက်ကောက်ဝတ်နေရာတွင် သွေးအချို့ စွန်းပေနေ၏။

" အရင်က ဓားနဲ့ အတူတူပဲ.. ရှောင်လျန်(စတိုးဆိုင်မှ ကလေး) နဲ့ ကျွန်တော်က သူငယ်ချင်းတွေ.. သူနဲ့ ခဏခဏ သွားဆော့ရင်း သူတို့ဆိုင်မှာ CCTV မရှိဘူးဆိုတာ သိထားတာ.. အဲ့ဒါနဲ့ သူ သတိမထားမိလောက်တဲ့အချိန် ဓားတစ်ချောင်းခိုးလာခဲ့တာ"
ထိုကျောင်းသားလေးမှာ သက်သေမကျန်စေရန် အသေအချာ စီစဉ်ခဲ့၏။
" တကယ်လို့ ကျွန်တော် ဝယ်ရင် ဦိးလေးတို့ ချက်ချင်းဖမ်းမိမှာပေါ့"

" အသတ်ခံရတာများလာလို့လားတော့မသိဘူး.. စက်ရုံအဟောင်းနားမှာ လမ်းဘေးကြောင်တွေ မနေကြတော့ဘူး.. အဲ့ဒီ့နေ့က စက်ရုံဘက်ကနေ လက်ဗလာနဲ့ ပြန်လာတုန်း ဝမ်အဖွားရဲ့ ပြတင်းပေါက် ဖွင့်ထားတာကို တွေ့လိုက်ရတယ်.. ပြတင်းပေါက်ဘောင်ပေါ်မှာ သူတို့အိမ်ကကြောင် အိပ်နေတာ... ကျွန်တော် ကြောင်လိုက်ဖမ်းနေတုန်း ဖုန်းပြုတ်ကျသွားတာ ပြန်ကောက်ချိန် မရလိုက်ဘူး"

" သူတို့အိမ်မှာ ဖုန်းကျန်ခဲ့တာသိရင် ရဲတွေ ချက်ချင်း ကျွန်တော့်ကို ခြေရာခံမိမှာလေ.. ဝမ်အဖွားအိမ်ကို သွားစရာအကြောင်းလဲ မရှိဘူးဆိုတော့ ဗီရိုထဲက သစ်သားပန်းပုရုပ်ကို ခိုးခဲ့လိုက်တာ"

" ဘာလို့ကြောင်ကို ရွေးလိုက်တာလဲ ဟုတ်လား.. ဘာလို့လဲဆိုတော့ ကြောင်က ကျွန်‌တော့်ညီလေးနဲ့ အရွယ်တူတယ်လေ"

လီခန်းမှာ အဖမ်းခံခဲ့ရ‌သော်လဲ နည်းနည်းလေးမှ စိတ်မလှုပ်ရှား။ လူပျိုဖော်ဝင်စအရွယ်ဖြစ်၍ သူ့မျက်နှာပေါ်တွင် ဝက်ခြံအချို့ရှိ၏။ မျက်နှာကလဲ သာမန်သာဖြစ်ကာ ‌မရေမတွက်နိုင်သော ကျောင်းသားများအတိုင်း ဘာမှမထူးခြား။ လီကွမ်းဖူကတော့ မှန်တံခါးတစ်ဖက်ခြမ်းမှ နေ၍ " ငါ့သားမဖြစ်နိုင်ဘူး အထင်လွဲနေတာ" ဟု အော်နေရာမှ ဖြည်းဖြည်းချင်း အသံတိတ်သွား၏။

လီခန်း၏ မိထွေးမှာ စက်ရုံအလုပ်သမားတစ်ဦးဖြစ်သည်။ နေ့တိုင်းလိုလို ညနေဘက်အလုပ်ဆင်းရသူဖြစ်လေရာ အဆိုပါသတင်းကြောင့် ရဲစခန်းသို့ အပြေးအလွှားရောက်လာပြီး အော်ငိုလိုက် မှန်တံခါးကို တဒုန်းဒုန်းထုလိုက် လုပ်နေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now