Chapter 7- သံသယ

1.3K 280 30
                                    

Unicode

ချောတယ်... လက်အိတ်... ကောကော..

ရှဲ့လင် မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။

ထိုနေ့က ဆွေးနွေးခန်းတံခါးဖွင့်ဝင်လာသော ကောင်လေးတစ်ယောက်ကို သူ့မျက်လုံးထဲ မြင်လာ၏။

ပိန်ပါးသော ခန္ဓာကိုယ်ကြောင့်လားတော့မသိ ထိုကောင်လေးတွင် နုပျိုခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသည်။ မျက်ခုံးပြေပြေ မျက်လုံးမှုန်ကုပ်ကုပ်နှင့် ချောတာတော့ တော်တော်လေးချောသည်။ လက်မှ လက်အိတ်ရောင် နက်မှောင်မှောင်နှင့် လိုက်ဖက်သော နီရဲရဲ နှုတ်ခမ်းလေးများကို သူ သတိရလာသည်။

"အရပ်က ဒီလောက်ရှိတယ်"
ရှဲ့လင်က သူ့နဖူးနားကို လက်ပြလိုက်သည်။ သူ့အသံက သံသယတရားခံကို လိုက်ရှာနေသူနှင့်မတူပဲ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ချစ်သူကို လိုက်ရှာနေသည်နှင့် တူ၏။
" သူက တော်တော်လေးကို ချောတာ.. အသားလေးက ဖြူဖွေးနေတာပဲ.. အနက်ရောက်လက်အိတ်ဝတ်ထားတယ်... စကားပြောရတာ မကြိုက်ဘူး... ပြီးတော့ တခြားသူတွေ သူ့ကို လာထိတာလဲ မကြိုက်ဘူး"

ကောင်လေး ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

ရှဲ့လင် : " ဆံပင်ကတော့ နည်းနည်းလေးရှည်တယ်.. ဒီလောက်ထိ... တစ်ကိုယ်လုံး ဖြူဖြူဆွတ်ဆွတ်လေး... ဒါပေမဲ့ နှုတ်ခမ်းလေးကတော့ နှုတ်ခမ်းနီဆိုးထားသလို ရဲတွတ်နေတာ"

ရှဲ့လင်၏ အသေးစိတ်ကျသော ဖော်ပြချက်ကြောင့် ထိုကောင်လေး၏ မျက်လုံးထဲတွင် ထိုနေ့က ဓားလာဝယ်သော ကောကောကို ကိုယ်တိုင် မြင်လိုက်ရသည့်အလားပင်။

ကောင်လေးက အီမိုဂျီစတစ်ကာလေးကဲ့သို့ ခေါင်းညိတ်နေသည်။
" အဲ့ကောကောက နည်းနည်းတော့ ဒေါသကြီးတယ်... ကျွန်တော် သူ့ပစ္စည်းတွေ ကူရွှေ့ပေးမလို့ကို လုံးဝအထိမခံဘူး"

ရှဲ့လင်လဲ ထောက်ခံလိုက်သည်။
" သူ့ဒေါသက တကယ် မလွယ်ဘူး"

ကောင်လေးက ပြန်မေးသည်။
" ကောကော လိုက်ရှာနေတာ သူလား.. သူနဲ့သိလို့လား"

ရှဲ့လင်က ကောင်တာပေါ် မုန့်ထုပ်များ တင်ကာ ဓားကိုသာယူ၍ ကလေးအတွက် သင့်တော်မတော် မစဉ်းစားပဲ ပြန်ပြောလိုက်သည်။
" အသိတွေလို့ပြောလို့လဲ ရပါတယ်... ကောကောက သူ့လက်ကို ကိုင်ဖူးတယ်လေ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now