Chapter 21- မျက်နှာချင်းဆိုင်အခန်း

1.1K 276 27
                                    

Unicode

ရှဲ့လင်က ဝူကျီပင်း၏ရုံးခန်းထဲထိုင်ကာ ချီချင်းထံ စာပို့နေသည်။

ဝူကျီပင်း၏ ရုံးခန်းထဲ နှစ်ယောက်ထိုင်နေခြင်းဖြစ်သော်လဲ ရှဲ့လင်က ဝူကျီပင်း၏ ဆုံလည်ကုလားထိုင်ပေါ် သက်တောင့်သက်သာ ထိုင်နေသည်။ သူ့ရှေ့မှကွန်ပျူတာပေါ်တွင် မှုခင်းဓာတ်ပုံများဖွင့်ထားပြီးမပြောင်းလဲသော မျက်နှာအမူအရာနှင့် စိုက်ကြည့်နေ၏။

မှုခင်းဓာတ်ပုံများကြည့်နေသည့်အချိန်များတွင် ဝူကျီပင်းရုံးခန်းထဲ နေ့လည်စာ လာစားရန် နေရာလာရှာသည်ဟုပင် ထင်ရသည်။

‌ရုံးခန်းထဲမှ တံခါးများပြတင်းပေါက်များ အကုန်ပိတ်ထားသဖြင့် ရှဲ့လင် ဘယ်အချိန် ရောက်လာသည်ကို ဘယ်သူမှ မသိလိုက်။ ထမင်းဘူးယူလာပြီးနောက် နှစ်ယောက်သား ရုံးခန်းထဲ နေရာယူကြသည်။

ရှဲ့လင်က ဓာတ်ပုံများကို အေးဆေးစွာကြည့်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
" အလောင်းစစ်ဆေးမှုရလဒ်ရော ထွက်လာပြီလား"

ဝူကျီပင်း : " ထွက်လာပြီ.. မသေဆုံးခင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ သက်သေတွေ ‌ထွက်လာတယ်.. အခန်းထဲမှာလဲ ရုန်းကန်ထားတဲ့ ခြေရာလက်ရာတွေ ရှိတယ်... ဒါပေမဲ့ ‌လူသတ်သမားနဲ့ ပတ်သက်တဲ့ သဲလွန်စတော့ တစ်ခုမှ မကျန်ခဲ့ဘူး"

" သေဆုံးသူနဲ့ ပတ်သက်မှုရှိခဲ့ဖူးတဲ့ လူတွေအကုန်လုံးကို ငါတို့ဘက်က လိုက်စုံစမ်းနေတယ်... တခြားဆက်စပ်မှုရှိတဲ့ စုံစမ်းရေးတွေလဲ လုပ်နေတုန်းပဲ... လက်ဗွေရာစစ်ဆေးချက်ကတော့ မနက်ဖြန်ရမယ်ပြောတယ်"
ဝူကျီပင်းက ဆက်ပြော၏။
" မိန်းကလေးနဲ့ သူ့ရည်းစား မနေ့ညက ရန်ဖြစ်ကြတယ်တဲ့.. သူ့ရည်းစားကောင်လေးကို သွားရှာတော့ အခု ထွက်ပြေးနေတယ်လို့သိရတယ်"

" သူ့ရည်းစားကောင်လေးနာမည်က ကျိုးပိုဟောက်တဲ့.. ဘားမှာ အရက်ဖျော်စပ်တဲ့အလုပ် လုပ်တာ.. သူတို့နှစ်ယောက်က ခမ်ယမ်းမြို့မှာ အလုပ်လုပ်ရင်း တွေ့ကြတာ.. ကျိုးပိုဟောက်ရဲ့ အငှားအိမ်က စာချုပ်ပြည့်ဖို့ နှစ်လတောင်လိုသေးတယ်.. အိမ်ပိုင်ရှင်ဆီက စပေါ်တောင် ပြန်မတောင်းပဲ အဝတ်အစားတချို့ယူပြီး ထွက်သွားတယ်ပြောတယ်.. သူနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဘာမှမကျန်ခဲ့ဘူး"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now