Unicode
ရှဲ့လင် ကားထဲဝင်၍ ကားသော့ထိုးထည့်ပြီးနောက် စတီယာရင်ပေါ် လက်တင်ရင်း ထပ်မေးပြန်သည်။
" မင်း သေချာတွေးပြီးပြီလား"ချီချင်းက ပြန်မဖြေ။
" ပြဿနာမရှာပါနဲ့ကွာ"
ရှဲ့လင် သက်ပြင်းချ၍ ဆက်ပြောသည်။
" အခုမှ ခြောက်နာရီပဲ ရှိသေးတယ်.. ကားပေါ်က ဆင်းပြီး အိပ်ရေးဝအောင် ပြန်အိပ်လိုက်ဦး"ချီချင်း : " ခင်ဗျား ကျွန်တော့်ကို စိတ်ပျက်လာလို့လား"
ချီချင်းမှာ တစ်ဖက်လူစကားကို နားထောင်တတ်သူမဟုတ်။ ထီးကို လက်တစ်ဖက်နှင့် ဆုပ်ကိုင်ရင်း မျက်လုံးမှိတ်ကာ စောင့်ဆိုင်းနေသည်။ သို့သော် ကားစက်နှိုးသံမကြားရပဲ ရှဲ့လင် ရုတ်တရက် စကားစလိုက်သောကြောင့် လန့်သွားလေသည်။
ဘာတွေဘယ်လိုဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်ကတောင် သေရမှာမကြောက်တာ ခင်ဗျားက ဘာကြောက်နေတာလဲဟု ပြောထွက်တော့မည့်ဆဲဆဲ ရှဲ့လင်က ဆက်ပြောပြန်သည်။
" ကားပေါ်ကဆင်း"ချီချင်း မျက်လုံးပြန်ပွင့်လာသည်။
" ကိုယ် မင်းကို နှင်လွှတ်နေတာမဟုတ်ဘူး .. တကယ် ကားမောင်းလို့ မရတော့တာ"
ရှဲ့လင်က ပြန်ရှင်းပြသည်။
" ဘရိတ်ကြိုးကို တစ်ယောက်ယောက် ထိထားတယ်"ကားဘရိတ်ကြိုးဖြတ်ထားသည်က မတော်တဆသေဆုံးမှုအတွက် အများဆုံးသုံးသော နည်းလမ်းတစ်ခုဖြစ်သည်။ တစ်ဖက်လူမှာ ပြဿနာရှာလိုစိတ် ရှိပုံမရ။ ရှဲ့လင်ကို မျက်နှာချင်းပင် မဆိုင်ပဲ အပြတ်ရှင်းပစ်ချင်ပုံရသည်။
မနေ့က ကားပြိုင်ပွဲတွင် ထိပ်တိုက်တွေ့လိုက်ရသည့်အတွက် ရှဲ့လင်ကို ဖြုံသွားပုံရ၏။
.....
တစ်ချိန်ထဲတွင် အိမ်ရာလုံခြုံရေး၏ CCTV မှတ်တမ်းစောင့်ကြည့်ရေးအခန်းထဲတွင်
အိမ်ရာလုံခြုံရေးက ထိုင်ခုံပေါ် လှဲနေသည်။ ဒီနေ့ မနက်အစောကြီး အလုပ်ဆင်းရသဖြင့် အိပ်ရေးမဝသေး။ ထို့ကြောင့် ထိုင်ခုံပေါ် ခြေလက်ဆန့်ရင်းနှင့် ပြောလိုက်သည်။
" မင်း ဒီမှာ ရပ်နေတာ ကြာပြီ.. ဘာကြည့်နေတာလဲ.. တံမြက်စည်းလှဲစရာရှိ လှဲပြီး သွားတော့"
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...