Chapter 77- သူ ကြားလိုက်တယ်

1K 321 50
                                    

Unicode

ထိုဇာတ်လမ်းကို ဘယ်အချိန်က ရိုက်ခဲ့သည်ကို ချီချင်း မမှတ်မိတော့။ သို့သော် သူ့မျက်နှာသူ TV ထဲ ပြန်မြင်လိုက်သည့်အချိန် ရှက်ရွံ့နေစိတ်ကိုတော့ ထိန်းမထားနိုင်။ ရှက်လွန်းသဖြင့် လက်ချောင်းလေးများ တောင့်တင်းနေ၏။

စိတ်ရှုပ်နေသောကြောင့် အကြောင်းရင်းမရှိပဲ ကျိမင်ရွေ့အိမ်တွင်သာ ဒီလိုအဖြစ်မျိုး ဖြစ်ခဲ့ရင်ဆိုသည်ကို စဉ်းစားနေမိသည်။ သူ နေရခက်နေမလား ဒါမှမဟုတ် စိတ်လှုပ်ရှားနေမလား။

ထိုမေးခွန်း၏ အဖြေကို သူ သေချာသိသည်။ တစ်ခုမှဖြစ်မည်မဟုတ်။

နေရမခက်ရုံမက ရီမုတ်ကွန်ထရိုးနှင့် ကျိမင်ရွေ့ခေါင်းကို လှမ်းပေါက်၍ TV ပိတ်ခိုင်းမိလိမ့်မည်။

သို့သော် အခုတော့ ချီချင်း ဘာမှမလုပ်ဖြစ်။ ဖန်သားပြင်ပေါ်မှ သူ့မျက်နှာသူ အချိန်အတန်ကြာ စိုက်ကြည့်နေမိသည်။ မီးဖိုခန်းထဲမှ ထွက်လာသော ရှဲ့လင်က ချောင်းတစ်ချက်ဆိုးကာ ချီချင်းလက်ထဲမှ ရီမုတ်ကွန်ထရိုးကို အသာယူရင်း ညင်ညင်သာသာ ရှင်းပြသည်။
" မနေ့က ကိုယ့်ကို အသိတစ်ယောက် ဒီကားကို ညွှန်းလိုက်လို့လေ .. အဲ့ဒါ ကြည့်နေရင်း မင်း ဒီကားမှာ သရုပ်ဆောင်တယ်ဆိုတာ သိလိုက်ရတာ"

ချီချင်း : " အသိတစ်ယောက် ညွှန်းတာလား"

ရှဲ့လင် : "အင်း"

" ခင်ဗျားရဲ့ အဲ့ဒီ့အသိရဲ့ အကြိုက်က တော်တော်ဆိုးရွားတာပဲနော်"
သူ ပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်ကားဖြစ်သော်လဲ ချီချင်းက ရက်ရက်စက်စက် ဝေဖန်နေသည်။
" ဒီဇာတ်ကားက rating ၄၅ တောင် မပြည့်ဘူး... သရုပ်ဆောင်တွေကလဲ ဆိုးပါ့... အချိန် အလဟဿကုန်သွားနိုင်တဲ့ ဇာတ်ကားမျိုးလေ..."

ချီချင်းအရမ်းချောလို့ ကြည့်နေခြင်းဖြစ်သည်ကိုတော့ ရှဲ့လင် ပြန်မပြောရဲ။

သူကြည့်နေတာ ဇာတ်လမ်းဇာတ်ကွက်တစ်ခုမှ မဟုတ်။ ဇာတ်လမ်းကောင်းခြင်း မကောင်းခြင်းက သူ့ကို ဘာမှ မထိခိုက်။ သရုပ်ဆောင် ကောင်းတာမကောင်းတာလဲ သူ ဂရုမစိုက်။

သူ့အရင်ပုံစံနှင့်ဆို ဒီလိုစကားမျိုးကို ‌မျက်တောင်တစ်ချက်မခတ်ပဲ ပြောနိုင်သည်ဆိုသော်လဲ အခုတော့  သူ့နှုတ်ခမ်းဖျားမှ စကားတစ်ခွန်းပင် ထွက်မလာနိုင်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now