Chapter 90- လူသိရှင်ကြား

1K 260 28
                                    

Unicode

အကြမ်းဖျင်း စစ်ဆေးမှုအပြီးတွင် ဆိုင်ပိုင်ရှင်နှင့် သူ၏ ပြစ်မှုမှတ်တမ်းများကို တခြားမှုခင်းအဖွဲ့ထံဘလျှင်မြန်စွာ လွှဲပြောင်းပေးလိုက်သည့်အတွက် ရုံးချုပ်မှ မှုခင်းရဲအရာရှိများစွာ ရောက်လာကာ ခေါ်ဆောင်သွားကြသည်။

အင်တာပို : " လျှို့ဝှက်အခန်းမှာ ဂိမ်းကစားနေရင်း ဒီလူသတ်မှုအကြောင်းကို ရှာတွေ့ခဲ့တာဆို... သူတို့တွေအတွက် စိတ်ပညာ‌ဆွေးနွေး နှစ်သိမ့်ပေးတာတို့ ဘာတို့ စီစဉ်ပေးရဦးမလား... ပုံမှန်ဆို ဒီလိုအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအနေနဲ့ အိပ်မက်ဆိုးတွေ မက်တာတို့ ပြန်မြင်ယောင်တာတို့ ဘာတို့ရှိတတ်ကြတယ်.. အခုပဲ ရုံးကို ဖုန်းဆက်လိုက်ရမလား... စိတ်ပညာရှင်တွေကို စီစဉ်ပေးဖို့...."

ကျိမင်ရွေ့က ထိုသူကို စကားပင် ဆုံးအောင် ပေးမပြောပဲ ဖြတ်ပြောလိုက်သည်။
" ရပါတယ် သူတို့က ပုံမှန်လူတွေ မဟုတ်ပါဘူး"

" ခင်ဗျားတို့လဲ သူတို့ကို သိပါတယ်.. ခင်ဗျားတို့ရဲ့ ရုံးချုပ်က အမှုအကြံပေးနှစ်ယောက်လေဗျာ... သူတို့နှစ်ယောက်ရဲ့အကြောင်းကို ခင်ဗျားတို့လဲ သိမှာပါ"

ထိုစကားကို ကြားပြီးနောက်တွင်တော့ အဆိုပါ ရဲအရာရှိမှာ စိတ်ပညာရှင်များခေါ်၍ ဆွေးနွေးရန်ဆိုသော အကြံကို ချက်ချင်းပယ်ချလိုက်သည်။

သံသယတရားခံကို ကားထဲ ခေါ်ပြီးနောက် ကားမထွက်ခင် အဆိုပါရဲအရာရှိကပဲ ကားထဲမှ ကိုယ်တစ်ပိုင်းထွက်၍ ကျိမင်ရွေ့ကို လှမ်းမေးလိုက်သေးသည်။
" ဒါနဲ့ သူတို့က ဘာလို့ လျှို့ဝှက်ခန်းမှာ နှစ်ယောက်ထဲ လာဆော့ကြတာလဲမသိဘူးနော်"

ကျိမင်ရွေ့ : "..."

သူသည်လဲ ထူးဆန်းသော ထိုမေးခွန်းကို မဖြေနိုင်။

စောစောက တရားခံအကြောင်းကိုသာ ပြောနေရ၍ သူတို့နှစ်ယောက်နှင့် သူ စကားမပြောဖြစ်သေး။

စောင့်ကြည့်ခန်းထဲတွင်တော့.....

ရှဲ့လင်လက်ကို ချီချင်းကိုင်ပြီးချိန်မှစ၍ ရှဲ့လင်စိတ်ထဲမှ နေရခက်မှုတို့ တဖြည်းဖြည်းချင်း လျော့ပါးလာခဲ့သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now