Chapter 92- ‌တောင်းဆိုမှု

1K 269 14
                                    

Unicode

တစ်နှစ်တာ၏ အအေးဆုံးလများ ကုန်လွန်ခဲ့လေပြီ။ သည်တစ်ခေါက် အပူချိန်တိုးလာခြင်းက ထပ်မလျော့ကျတော့။ လမ်းပေါ်တွင် လူသွားလူလာ ပိုကြပ်လာသလို ပင်ပျိုတို့တွင် ရွက်ဟောင်းဝါများကြွေ၍ ရွက်သစ်စိမ်းများ ဝေဝေဆာနေချိန် ဖြစ်လာသည်။

ရှဲ့လင်က ကိုယ်တိုင်ပြင်ဆင်ထားသော မနက်စာကို ယူ၍ မျက်နှာချင်းဆိုင်အိမ်အခန်းတံခါး၏ လျှို့ဝှက်နံပါတ်ကို အေးအေးဆေးဆေး နှိပ်နေသည်။ ခလုတ်သံတတီတီနှင့်အတူ တံခါးလဲ အလွယ်တကူ ပွင့်သွား၏။

အိမ်တွင်းစီးဖိနပ်အရေအတွက်မှာ တစ်ရံမှ နှစ်ရံဆီသို့ ပြောင်းလဲလာသည်။ အဆိုပါ ဖိနပ်နှစ်ရံက လုံးဝ ချွတ်စွပ် ဆင်တူသာ ဖြစ်၏။ ချီချင်း အိမ်ပြောင်းပြီးစ အချိန် တွေ့ရာဆိုင်တစ်ဆိုင်မှ ဝယ်လာသော အိမ်စီးဖိနပ်အတိုင်း ရှဲ့လင်မှာ ဒုက္ခများစွာခံ၍ ဆိုင်ပေါက်စေ့လိုက်ရှာကာ တစ်ပုံစံထဲ ဝယ်ယူခဲ့ခြင်းဖြစ်လေသည်။

ချီချင်းဘက်က ချစ်ခြင်း‌မေတ္တာကို စတင်နေပြီဆိုသော်လဲ ချစ်ခြင်းနှင့် ပတ်သက်သည့် အာရုံခံစားမှုမျိုး မရှိသေး။
" ခင်ဗျား အဲ့လောက်အားနေလား... ဖိနပ်ပဲကို ဒီတိုင်း တွေ့တဲ့ဖိနပ် ဝယ်လိုက်ပေါ့"

ထိုနေ့က ရှဲ့လင် ကုမ္ပဏီကို သွား၍ ပြန်လာခါစအချိန် ဖြစ်သည်။ ရှဲ့လင်က ချီချင်းဘေးနားကပ်ထိုင်ရင်း ဖုန်းသုံးနေ၏။
" မဟုတ်ဘူးလေ.. အရေးကြီးတာက ဖိနပ်စီးဖို့မှ မဟုတ်တာ ... ဒီအိမ်ထဲကို ဝင်လာတာနဲ့ ကိုယ်တို့နှစ်ယောက်က ချစ်သူတွေဆိုတာ လူတွေ တန်းသိသွားရမှာပေါ့.. မင်းပဲ စဉ်းစားကြည့်.. ဒီအိမ်ထဲကို လူစိမ်းတစ်ယောက် ဝင်လာမယ်.. အဲ့မှာ ချွတ်စွပ်ဆင်တူနေတဲ့ ဖိနပ်နှစ်ရံကိုတွေ့ရော.. အဲ့ဒါဆို သူ သေချာပေါက်မေးမှာပဲ တစ်ရံက ဘယ်သူ့ဟာလဲလို့..  အဲ့မှာ မင်းဖြေလို့ရပြီလေ"
ရှဲ့လင်က ခ‌ဏရပ်ပြီးမှ ဆက်ပြောသည်။
" ကျွန်တော့်ကောင်လေးဟာလို့"

ချီချင်း အတန်ငယ် သဘောပေါက်လာသည်။

သို့သော် သူ့အတွက် ပြဿနာအနည်းငယ် ရှိနေ၏။

ချီချင်း : " ကျွန်တော့်အိမ်ထဲ ဘယ်သူစိမ်းက ဝင်လာမှာမို့လို့လဲ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now