Unicode
"မင်းတို့နားမှာ ထိုင်တဲ့သူ နည်းလိုက်တာ"
ရုပ်ရှင်ပြီးသွားသည့်နောက် ကျိမင်ရွေ့က ချီချင်းတို့နားတွင် စောစောက လူအပြည့်တွေ့လိုက်ရသော်လဲ အခု သိပ်မကျန်တော့သည့်အတွက် ကြောင်အအနှင့် ပြောလိုက်သည်။အထူးသဖြင့် ရှဲ့လင်နှင့် ချီချင်းတို့ ပတ်ပတ်လည်တွင် လူတစ်ယောက်မှ မရှိတော့။
ချီချင်းလဲ အိပ်ရာမှ နိုးကာ အပြင်ထွက်လာသည်။
" ငါ မသိဘူး"ဘေးဘီဝဲယာကို ဂရုမစိုက်မိသော ရှဲ့လင်က ခန့်မှန်းချက် ထုတ်လိုက်သည်။
" ကြည့်ရတာ ရုပ်ရှင်က စိတ်ဝင်စားဖို့မကောင်းလို့ စောစောစီးစီး ထွက်သွားကြတာနဲ့တူတယ်"ကျိမင်ရွေ့ : "..."
ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်ကို စိတ်ဝင်စားဖို့မကောင်းဘူး??
ရုပ်ရှင် ပြီးပြီးချင်းဖြစ်၍ ဓာတ်လှေကားတွင် လူအုံနေသည့်အတွက် ချီချင်းတို့အဖွဲ့က တခြားသူများ ဆင်းသွားပြီးသည်အထိ စောင့်သည်။ သူတို့ဘေးတွင် အမျိုးသမီးကြီးတစ်ဦးနှင့် ကလေးမလေးတစ်ယောက်လဲ ဓာတ်လှေကားစောင့်နေသည်။
ကလေးမလေးက ပြောနေသည်။
" မေမေ.. ခုနကမှ ရှိသေးတာ... သွားပြန်ရှာရအောင်"ကလေးမလေး၏ မချင့်မရဲ အသံလေးက စူးရှလှသည်။ ချီချင်းလဲ နဖူးကြောများတွန့်သည်အထိ နားငြီးသွားလေ၏။
~~~ ငါ့ကလစ်လေး... ငါ့အကြိုက်ဆုံး လိပ်ပြာကလစ်လေးကို~~~လိပ်ပြာကလစ်လေး ဆိုသည့် စကားလုံးများက ချီချင်းနားထဲ ပဲ့တင်ထပ်လာသည်။
ကလေးမလေးက ကလစ်အကြောင်းကိုသာ တွင်တွင်တွေးနေသောကြောင့် ချီချင်း ဟိုဟိုသည်သည် လိုက်ကြည့်မိတော့ သူမ၏ ဦးထုပ်နောက်တွင် ထွက်နေသော ခရမ်းရောင် ပလတ်စတစ်အစလေးကို တွေ့လိုက်ရသည်။
ရှဲ့လင်က စိတ်သဘောထားကြီးသည့်အလျောက် ဒူးထောက်၍ ကလေးမလေးနှင့် စကားပြောနေသည်။
" ဘာဖြစ်လို့လဲကလေး"ကလေးမလေးက မျက်ရည်များဝဲကာ ပြန်ဖြေသည်။
" ပစ္စည်းပျောက်သွားလို့"
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...