Chapter 22- Cover your ears

1.2K 274 47
                                    

Unicode

ကျိမင်ရွေ့ထံမှ စာဝင်လာသည်။
" ဘယ်လိုလဲ"

ချီချင်း : " ဘာက ဘယ်လိုရမှာလဲ"

" မင်းရဲ့အိမ်လေ.. ‌ဒီနေ့ပြောင်းတယ်ဆို အဆင်ပြေလားလို့"

" ကျန်းယွီရဲ့ အိုင်ဒေါက သူ့မှာ အိမ်အလွတ်တစ်လုံးရှိတယ်.. အဲ့ဒါ ဘယ်သူမှမငှားကြလို့ စိုးရိမ်နေတာတဲ့... ငါလဲ တိုက်တိုက်ဆိုင်ဆိုင် အဲ့အကြောင်းကြားထားလို့ မင်းတို့နှစ်ယောက် အဆင်ပြေတယ်မလား.. မင်းလဲ ငှားစရာအိမ်ရတယ် သူလဲ အိမ်ငှားလို့ရတယ်"

ကျိမင်ရွေ့နှင့် အဆက်အသွယ်ဖြတ်ပစ်ချင်သည့် အကြိမ်ပေါင်းများစွာရှိသော်လဲ ဒီလောက်ထိ သူ စိတ်မတိုဖူးခဲ့။

ထို့ကြောင့် လက်အိတ်တစ်ဖက်ချွတ်ကာ စာပြန်ရိုက်သည်။
" မင်းနဲ့ငါ သိလာတာ နှစ်တွေကြာပြီနော်"

ကျိမင်ရွေ့ : " အင်းလေ ကြာပြီပေါ့.. အထက်တန်းကျောင်းထဲကဆိုတော့"

ခဏအကြာတွင် ဖြူဆွတ်နေသော လက်ချောင်းများက စာတစ်စောင်ကို ရိုက်နေသည်။
" အဲ့ဒါဆို ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ဒီမှာရပ်လိုက်လဲ ရတာပဲ"

ကျိမင်ရွေ့ : "??"

တစ်ချိန်ထဲတွင် ရှဲ့လင်က တံခါးကိုမှီ၍ သူ့ကိုစိုက်ကြည့်နေ၏။
" အကူအညီလိုသေးလား.. ကိုယ် မနက်စာပိုလုပ်ထားတယ်... အထဲဝင်ပြီး ခဏထိုင်ဦးမလား"

ချီချင်းက ဖုန်းကိုဘေးချလိုက်သည်။
" ဒီအခန်းမှာ ခင်ဗျားနေတယ်ဆိုတာ ဘာလို့မပြောတာလဲ"

မေးခွန်းကို ကြိုသိနေသော ရှဲ့လင်က အရှက်လုံးဝမရှိပဲ ပြန်‌ဖြေသည်။
" ကိုယ်ပြောလိုက်ရင် မင်း ငှားဦးမှာမို့လို့လား"

ချီချင်း : " မငှားဘူး"

ရှဲ့လင် : " အဲ့ဒါပဲလေ"

"..."

" ကိုယ်တို့လို စီးပွားရေးသမားတွေဆိုတာ"
ရှဲ့လင်က ‌ဆက်ပြောသည်။
" ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ လိုအပ်တာလေးတွေ လုပ်ရတယ်.. ကိုယ်မင်းကို လိမ်ပြောခဲ့တာမှ မဟုတ်တာ... မျက်နှာချင်းဆိုင်အခန်းမှာနေတဲ့သူက တကယ်ကောင်းတာပဲလေ... အိမ်နီးချင်းတွေဆိုတာ သွေးဝေးတဲ့ဆွေမျိုးတွေထက်တောင်ကောင်းသေးတယ်.. တစ်ယောက်နဲ့တစ်ယောက် အမှီပြုပြီး နေကြရမှာပဲကို"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now