Chapter 50- ချောကလက်

1.3K 307 39
                                    

Unicode

အချိန်က အတော်လေးနောက်ကျနေခဲ့ပြီ။ သန့်စင်ခန်းထဲမှ ချီချင်းပြန်ရောက်လာတော့ အရင်ပြန်နားရန် ပြောသဖြင့် ချီချင်းလဲ အားမနာတော့ပဲ ချက်ချင်း လှည့်ထွက်ခဲ့သည်။ ကျိမင်ရွေ့က ကားသော့ကောက်ကိုင်၍ သူ့နောက်မှ လှမ်းအော်သည်။
" ခဏလေး.. ငါလဲ ပြန်လိုက်ခဲ့ရမှာ.. မင်းကို လိုက်ပို့ပေးမယ်"

ကျိမင်ရွေ့က ချီချင်းကို အရင် ပြန်လိုက်ပို့သည်။ ကားမကြပ်သည့်အပြင် မိုးလင်းစပြုနေ၏။
'မင်းအိမ်ရှေ့က ဦးလေးကြီးက မင်းအကြောင်းတွေ အရမ်းမေးတာပဲ' ဟု ညည်းတွားတော့မည်အပြု သူ့ဘေးတွင် ထိုင်နေသော ချီချင်းထံမှ စကားသံထွက်လာသည်ကို သူ ကြားလိုက်ရသည်။
" အကြံပေးရှဲ့ အရင်က အကြံပေးအလုပ်ကို ဘာလို့ဆက်မလုပ်တော့တာလဲ မင်း သိလား"

ချီချင်းက သူ့အဖြေကို မစောင့်ပဲ ထပ်မေးပြန်သည်။
" မင်း အရင်ကပြောဖူးတယ်လေ.. လွန်ခဲ့တဲ့ဆယ်နှစ်ကလဲ သူ အကြံပေးလုပ်ဖူးတယ်ဆိုတာ"

"..?"
ကျိမင်ရွေ့၏ စတီယာရင်ကိုင်ထားသောလက်တို့ပင် ချော်ထွက်သွားလားဟု ထင်လိုက်ရသည်။

သူသိထားရသလောက် ချီချင်းမှာ ဘယ်သူ့အပေါ်ကိုမှ စိတ်ဝင်စားခြင်းမရှိခဲ့။ သူနှင့် ခင်လာသော သက်တမ်းတစ်လျှောက် ချီချင်းနှုတ်ဖျားမှ အတန်းဖော် ကျောင်းသားများ နာမည်ကိုပင် ကြားဖူးခြင်းမရှိ။ အခုတော့ ရှဲ့လင်အကြောင်းကို ချီချင်းကအရင် စ၍ မေးနေပါပေါ့လား။

ကျိမင်ရွေ့မှာ တကယ်တော့ ရှဲ့လင်နာမည်ကို လုံးဝကြားဖူးခြင်းမရှိခဲ့သည့်အတွက် သူ့အကြောင်း သိပ်မသိ။ သို့သော် သူ့ပရိသတ်ဖြစ်သူ ကျန်းယွီ၏ ပြောစကားများအရရော ရှဲ့လင်နှင့် နှစ်ကြိမ်သုံးကြိမ် ‌ဆက်ဆံရပြီးသည့်နောက်တွင်ပါ ရှဲ့လင်၏ ပရိသတ်တစ်ဦးဖြစ်မှန်းမသိ ဖြစ်လာသည်။ ပင်းကောနှင့် ရင်းနှီးသူဖြစ်သည့်အတွက် ပင်းကောထံမှ ရှဲ့လင်အကြောင်းများကို သိရပြန်သေးသည်။ ထို့ကြောင့် ရှဲ့လင်ဘာသာရပ်တွင် သူ မာစတာဘွဲ့ပင် ရလာခဲ့၏။
" အင်း ဟုတ်တယ်.. လွန်ခဲ့တဲ့ဆယ်နှစ် သူ အထက်တန်းကျောင်းသားဘဝက ပထမဆုံး အကြံပေးဖြစ်ခဲ့တာတဲ့.. သူတက်ခဲ့တဲ့ ကျောင်းတွေမှာဆို မိန်းကလေးတွေက သူ့ကို ရည်းစားစာတွေ လိုက်ပေးကြတာ... ကျောင်းကွန်ရက်တွေမှာ သူ့ကို ရင်ဖွင့်ထားတဲ့ status တွေဆို အခုထိရှိသေးတယ်.. အခုသွားကြည့်ချင်လဲ ရတယ်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now