Chapter 73- နားဆွဲလေးတစ်ဖက်

998 293 45
                                    

Unicode

ရှဲ့လင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသူမှာ လျို့ချန်းချန်းပင်။ အချုပ်ထဲ ရောက်ပြီးပြီးချင်း ချက်ချင်း ပြန်အခေါ်ခံရမည်မထင်ထား၍ မေးခွန်းမေးသူကို ကြောင်ကြည့်နေလေသည်။ ထို့နောက် မျက်မှောင်ကျုံ့ရင်း ခပ်တိုးတိုး ပြန်မေးသည်။
" ခင်ဗျား ဘာလို့ မေးတာလဲ"

ရှဲ့လင်က မျက်ခုံးတစ်ချက်ပင့်ကာ သာမန်ကဲ့သို့ အေးအေးဆေးဆေး ပြန်ဖြေသည်။
" ကျွန်တော်တို့ ဒီဘက်မှာ တရားခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို လေ့လာကြတာဗျ.. အဲ့ဒါမှ နောက်ထပ် တူညီတဲ့အမှုတွေ ရှိတဲ့အခါ တရားခံတွေကို ပိုနားလည်နိုင်သလို မြန်မြန်လဲ ဖမ်းဆီးနိုင်မယ်လေ.. အဲ့ဒါကြောင့် ခင်ဗျားကို အထူးတလည် ပြန်ခေါ်လိုက်တာပါ"

လျို့ချန်းချန်း : "..."

ရှဲ့လင် : " လော့ယွီရဲ့ မျက်နှာကို အိုးထဲ ထည့်တုန်းက အိုးက အရမ်းပူပြီး မီးခိုးတွေ ထွက်နေမှာပဲနော်.. အဲ့ဒီ့အိုးထဲကို အဲ့မျက်နှာ ဘယ်လိုထည့်လိုက်လဲ.. တူနဲ့ ညှပ်ပြီး ထည့်လိုက်တာလား"

" ကျွန်တော်...."
လျို့ချန်းချန်းမှာ ဘယ်လိုပြန်ဖြေရမှန်းမသိပဲ စက္ကန့်ဝက်မျှ ကြောင်အနေ၏။

လျို့ချန်းချန်းနှင့် ယှဉ်ကြည့်ပါက ရှဲ့လင်မှာ လော့ယွီမျက်နှာကို ကြော်ထားသည်နှင့် ပိုတူနေသည်။ ရှဲ့လင်က စားပွဲခုံကို လက်သည်းနှင့် ခေါက်ရင်း ဖြည်းဖြည်းလေးလေး ပြောနေသည်။
" ကျွန်တော်ကတော့ ခင်ဗျား လက်နဲ့ကိုင်ပြီး ထည့်တယ်လို့ပဲ ထင်တာဗျ.. ဘာလို့လဲဆိုတော့ အသားချင်းထိရင် အတိတ်ကအကြောင်းတွေ ပိုပြီး စိတ်ထဲမှာ ပေါ်လာနိုင်တယ်လေ... ကိုယ် မုန်းနေတဲ့လူရဲ့ မျက်နှာအရေခွံကို ကိုင်ထားရတဲ့ ခံစားချက်က ဘယ်လောက်တောင် စိတ်ကျေနပ်စရာကောင်းလိုက်မလဲ.. ဒါနဲ့ သူ့မျက်နှာကို ဆွဲခွာတုန်းက ခင်ဗျား ဘယ်လိုမျိုး ဝမ်းသာလဲ ပြောပါဦး...ခင်ဗျားလောက်တောင် အရည်အချင်းမရှိတဲ့သူက မျက်နှာလေးတစ်ခုထဲ ချောနေခဲ့တာလေ.. အခု သူ့ရဲ့ တစ်ခုတည်းသော အသုံးကျတဲ့အရာက ခင်ဗျားလက်ထဲ ရောက်နေတာဆိုတော့..."

လျို့ချန်းချန်းမှာ ထိုမျှလောက်အထိ မတွေးထားမိသည့်အတွက် ‌ရှဲ့လင်၏ စကားလုံးများကို နားထောင်ရင်း ကြက်သေသေနေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now