Chapter 57- ပါပါရာဇီ

1.2K 264 44
                                    

Unicode

သေဆုံးသူ၏ နောက်ဆုံးကျန်ခဲ့သော အိတ်က ရှဲ့လင်လက်ထဲတွင် ရှိနေသည်။ SD ကတ်ကို ဘယ်လောက်ရှာရှာ မတွေ့ပေ။

ပျောက်သွားတာလဲ ဖြစ်နိုင်သည်။

လမ်းပေါ်တွင် လမ်းသွားလမ်းလာ အများကြီးရှိနေသလို ကားတွေလဲ အများကြီးရှိနေ၏။ အကယ်၍ ကားတစ်စီး၏ ဘီးကြားထဲ ညှပ်ပါသွားပါက အဆိုပါ SD ကတ်ကို ဘယ်လိုလိုက်ရှာရမှန်းပင် သိနိုင်မည်မဟုတ်တော့။

" အဲ့ဒါကတော့ အမှန်ပဲ... သူ ရပ်နေတဲ့နေရာကဆိုရင် ရုပ်ရှင်ရုံရဲ့ သီးသန့်အခန်းကို တန်းနေအောင် မြင်ရတယ်.. ဒီနေ့လာမဲ့ အနုပညာရှင်တွေကို ဓာတ်ပုံလာရိုက်တာ.. သူ့ကံကလဲနော်... ဒီနေ့ ရုပ်ရှင်ထဲက အဓိကသရုပ်ဆောင်တွေ တစ်ယောက်မှတောင် မလာဘူး.. အဲ့မှာ တစ်ယောက်ထဲ အကြာကြီးရပ်နေခဲ့ရမှာပဲ"
ကျိမင်ရွေ့မှာ နားရမည့်အချိန်လေးကို အလုပ်လုပ်ရင်း ရေခဲတိုက်အခန်းတစ်ပတ်ကို လျှောက်ပတ်ကြည့်နေသည်။ ချမ်းလွန်းသောကြောင့် တစ်ကိုယ်လုံး တုန်နေသည်။ ထို့နောက် စခန်းကို တင်ပြရန် ဖုန်းဆက်သည်။
" မင်းတို့လဲ သိတဲ့အတိုင်းပဲ ပါပါရာဇီဆိုတာက အန္တရာယ်များတဲ့အလုပ်လေ... သူ့မိသားစုကို ဆက်သွယ်ပြီးတော့ အလောင်းလာယူခိုင်းလိုက်တော့"

ရှဲ့လင်က သေဆုံးသူ၏ အိတ်ကို ပြန်ချကာ ရာဘာလက်အိတ် ဖြည်းဖြည်းချင်း ချွတ်နေသည်။ လှည့်ကြည့်လိုက်တော့ ချီချင်းက ရေခဲတိုက်အခန်းနံရံကို မှီထားပြန်သည်။ သူ့ကြည့်ရတာ စိတ်ကျေနပ်နေပုံရ၏။ မျက်နှာပေါ်တွင် ပျော်ရွှင်ရိပ်ကို သေချာမြင်ရမည်တော့မဟုတ်။ ချီချင်း စိတ်ထဲမှ အေးချမ်းနေမှုကို ရှဲ့လင်မှလွဲ၍ တခြားဘယ်သူမှ သတိထားမိမည်မထင်။

ရှဲ့လင် : " လက်ထောက်တစ်ယောက် ဆိုပေမဲ့ အထက်လူကြီးကို ဟိုခိုင်းသည်ခိုင်း လုပ်နေရတယ်‌ဆိုတော့ ကျေနပ်နေတာလား"

ချီချင်း၏ မှုန်ကုပ်နေသော မျက်နှာကို ကျေနပ်နေသည်ဟု အပြောခံရသည်မှာ ပထမဆုံးဖြစ်၏။ ထို့ကြောင့် ချီချင်း အတော်သိချင်သွားသည်။
" ကျွန်တော် စိတ်ကျေနပ်နေတယ်ဆိုတာ ခင်ဗျားဘယ်လိုသိတာလဲ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now