Chapter 36- အသံ

1K 260 19
                                    

Unicode

အစည်းအဝေးခန်းထဲတွင် တစ်ချိန်လုံး တိတ်ဆိတ်နေကာ နောက်ဆုံးတော့ တစ်စုံတစ်ယောက်က စကားစလိုက်သည်။
" ဟိုတစ်နေ့က လူသတ်မှုတစ်ခုဖြစ်ခဲ့သေးတယ်..."

ယန်ကျန်းကျန်း  ရွှယ်မေ့တို့ အသတ်ခံရမှုနှင့် ပတ်သက်၍ အချက်အလက်အသစ် မရသေး။ ရှဲ့လင်၏ ခွဲခြမ်းစိတ်ဖြာမှုကို သိရပြီးသည့်နောက်  ယန်ယွမ်ရပ်ကွက်မှရော ထျန်းရွေ့ရပ်ကွက်မှပါ သံသယရှိသူများကို သူတို့စစ်ဆေးကြသည်။

သို့သော် သူတို့ရုံးချုပ်တွင်ရှိသော အမှုမှာ ဒီတစ်မှုထဲသာမဟုတ်။ တခြားအမှုများကိုလဲ ကိုင်ရသေးသည့်အတွက် အကြံပေးကလဲ ထိုအမှုများကို ကိုင်ကြရသည်။

အကြံပေးဆိုသည်က လိုသလိုနေရာရွှေ့နိုင်သည့် အုတ်ခဲတစ်ခဲကဲ့သို့ပင်။

နောက်မှပေါ်လာသည့် လူသတ်မှုအသစ်က သိပ်မရှုပ်ထွေး။ လူတစ်ယောက်က သူ့သူဌေးကို ညဘက်ကြီး ဓားနှင့်လိုက်ထိုးခြင်းဖြစ်သည်။ တစ်ခုထူးဆန်းသည်က ရဲများက တရားခံကို ဖမ်း‌ဆီးနိုင်ခဲ့သော်လဲ လူသတ်လက်နက်ကို ရှာမတွေ့ခဲ့။

လူသတ်လက်နက် မရှိသည့်အတွက် သူတို့ဖမ်းထားသော တရားခံကလဲ ဘူးခံ၍သာ ငြင်းနေသည်။

~~~ အဲ့ဒီ့လူကို ဟိုဘက်ခန်းမှာ စစ်နေတာကို.. နည်းနည်းလေးတောင် ဝန်မခံသေးဘူး~~~

စားပွဲပေါ်ဖြန့်ထားသော အချက်အလက်များကို ချီချင်း ကြည့်စရာမလို။ သူ့နားထဲ အဝင်အထွက်လုပ်နေသော အသံများကို နားထောင်ရုံနှင့်ပင် အမှုအကြောင်းအသေးစိတ်ကို သိနိုင်သည်။

သို့သော် ဖတ်ချင်ယောင်တော့ ဆောင်ရဦးမည်။

ဖိုင်တွဲများ ဖြန့်ပေးရန် တာဝန်ယူထားရသော ရဲအရာရှိအသစ်လေးက သူ့ကို ခိုးကြည့်နေသည်။

လက်အိတ်ဝတ်ထားသော လက်တစ်ဖက်က ဖိုင်တွဲတစ်ခုလုံးကို ဟိုလှန်သည်လှန် လှန်ပြီးနောက် ခဏလေးနှင့် ဖတ်ပြီးသွား၏။ အသစ်လေးမှာ ဖိုင်တွဲကို ဖြစ်သလိုဖတ်နေသော ချီချင်းကိုကြည့်ရင်း အားမလိုအားမရဖြစ်နေသည်။

~~~ သူ တကယ်ဖတ်နေတာရော ဟုတ်လို့လား~~~

" လူသတ်မှုက ကြိုတင်ကြံစည်ထားတာ... သူတို့နှစ်ယောက်ကြားမှာ ငွေကြေးပြဿနာရှိနေတယ်.. လူသတ်လက်နက်ကိုတော့ အခုထိမတွေ့သေးဘူး"
ချီချင်းက နီရဲနေသော နှုတ်ခမ်းလေးကို ဖွင့်၍ အမှုထဲမှ အဓိကအချက်များကို ထောက်ပြနေသည်။
" ကျွန်တော် သေချာဖတ်နေပါတယ်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now