Chapter 59- အရူးလက်ထဲမှာ တစ်ခုခုရှိနေတာပဲ

1.1K 266 23
                                    

Unicode

Chapter 58 အဆက်
...
[58 က တစ်ဝက်ပဲ ပါတယ်လို့ ညီမလေးတစ်ယောက်က လာပြောလို့ပါ ပြန်ဖြည့်ပေးလိုက်ပါတယ်နော် နောက်ပိုင်း စာကျန်နေရင်လဲ လာပြောပေးပါဦးနော် ကျွန်တော့်ဘက်မှာ အဲ့အထိပဲ ပါလို့ပါ]

" အဲ့လိုပြောလို့ရပါတယ်"
ရှဲ့လင်က စိတ်ထဲမှ ဆက်ပြောလိုက်သည်။
.... သာမန်လူသတ်သမားတွေက သူတို့လောက်မှ ကြောက်ဖို့မကောင်းတာလေ...

ဆယ်မိနစ်အကြာ ကားထဲတွင်

ထိုသူက ‌ကားနောက်ခုံတွင် ထိုင်သည်။ ထို့နောက် ဟိုကြည့်သည်ကြည့် လိုက်ကြည့်ရင်းမှ ကားရှေ့ခုံတွင် ထိုင်နေသော ချီချင်းကို တစ်ချက်ကြည့်သည်။ ‌ဆံပင်ရှည်ရှည် နီရဲနေသော နှုတ်ခမ်းနှင့် အေးစက်နေသော မျက်နှာပေါ်တွင် အပြုံးအရယ်လုံးဝမရှိ။ စောစောက ကြောက်နေ၍ သတိမထားမိသော်လဲ အခု ပြန်ကြည့်တော့မှ နည်းနည်း ရင်းနှီးနေပုံပေါ်၏။ သို့သော် အမှန်အတိုင်းပြောရပါက ဒီလောက်ချောသော မျက်နှာမျိုးမှာ အနုပညာလောကထဲတွင် လူမသိသူမသိ ဖြစ်နေသည်ကိုက ထူးဆန်းလွန်း၏။

ရှဲ့လင်က မီးပွိုင့်မီးစိမ်းသည်ကို စောင့်ရင်း စကားစသည်။
" ခင်ဗျား နာမည်ကိုတောင် မေးဖို့ မေ့နေတယ်"

ထိုသူက ချီချင်းကို စိုက်ကြည့်ရင်း ပြန်ဖြေသည်။
" မျိုးရိုးက ဝမ်ပါ"

" လူကြီးမင်း ဝမ်"
မီးစိမ်းသည်နှင့် ရှဲ့လင်က လီဗာကို ‌အရှိန်မြှင့်လိုက်သည်။
" ကျွန်တော့်လက်ထောက်က အရမ်း ရှက်တတ်လို့ တစ်ချိန်လုံး စိုက်မကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ"

ထိုသူ : " ဆောရီးပါ.. ကျုပ်က ဒီအတိုင်း.. သူ့မျက်နှာက ရင်းနှီးနေသလို ခံစားရလို့ပါ"

ထိုသူက မနေနိုင်ပဲ ထပ်မေးလိုက်သည်။
" စိတ်မရှိရင် တစ်ခုလောက်မေးချင်လို့..  ခင်ဗျား ရုပ်ရှင်ရိုက်ဖူးလား"

ချီချင်း : "ရိုက်ဖူးတယ်"

ထို့နောက် ထိုသူ သက်ပြင်းချလိုက်သည်။
" ကျုပ် ထင်သားပဲ..  မမှားနိုင်ပါဘူးလို့... ကျုပ် ခင်ဗျားကို တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ထင်နေတာ... ဒါပေမဲ့ စောစောက အရာရှိကျိ ပြောတာကတော့ ခင်ဗျားတို့က ရဲစခန်းရဲ့ အကြံပေးတွေဆို"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now