Chapter 79 - ကြောင်လေးတစ်ကောင် အိမ်ပေါ်ရောက်လာတယ်

953 282 33
                                    

Unicode

ကျိမင်ရွေ့နှင့် ချီချင်းတို့နှစ်ယောက်သား ဖုန်းချပြီးသွားတော့ နှစ်ယောက်လုံး အတွေးကိုယ်စီနှင့်။

ရလဒ်အနေနှင့် နောက်တစ်ရက်တွင် ပို၍ နားလည်ရခက်သော ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

ရဲစခန်းကတော့ ထုံးစံအတိုင်း အလုပ်ရှုပ်မြဲဖြစ်၏။ ကျိမင်ရွေ့တစ်ယောက် တစ်နေကုန် ဖုန်းလက်ခံပြောနေရသည်။ သို့သော် အရင်တစ်ခေါက် လူသတ်မှုနှင့် ယှဉ်ကြည့်ပါက ထိုပြဿနာလေးများမှာ အသေးအဖွဲသာ ဖြစ်သည်။ ထိုအထဲတွင်မှ ရင်းနှီးနေသော ရည်းစားနှင့်ကွဲခဲ့သည့် ကောင်လေးတစ်ယောက် ရှိနေသေးသည်။
" ရဲဦးလေးကြီး... ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးတို့ ပြန်အဆင်ပြေသွားပြီ သိလား .. ကျွန်တော်တို့ လက်ထပ်ကြတော့မှာ အဲ့ဒါ ဦးလေးကြီးကို ဖိတ်ချင်လို့ပါ"

ကျိမင်ရွေ့ : "..."

" မင်း သေချာရော တွေးပြီးပြီလား.. လက်ထပ်ပြီးသွားရင် ကွာရှင်းဖို့ခက်တယ်နော်"

" သေသေချာချာ တွေးပြီးပါပြီဗျာ... ကျွန်တော့်ဘဝတစ်ဝက်လောက်က သူ့ဆီမှာပဲ တွယ်ကပ်နေခဲ့တာ.. တခြားသူကို လက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး"

"..."
ကျိမင်ရွေ့ ဆွံ့အနေသည်။
" ‌မင်းတို့ ပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ်.. မင်္ဂလာဆောင်အထိတော့ ဖိတ်စရာ မလိုပါဘူး*

" ကျွန်တော် ဖြစ်ချင်တာက ရဲဦးလေးကြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်ကို မျက်မြင်တွေ့စေချင်တာပါ... ကျွန်တော်တို့အချစ်သက်သေ လုပ်ပေးပါနော်"

သူကပဲ သက်သေလုပ်ပေးနေရတော့မှာလား...

အဲ့ဒါကလဲ တစ်တွဲထဲမဟုတ် နှစ်တွဲတောင်????

ကျိမင်ရွေ့လဲ အလုပ်မှတ်တမ်းကို ကြည့်ရင်း ဘာဖြည့်ရေးရမလဲ မသိတော့။
" ဟဲလို.. လိုင်းကျသွားတယ်နဲ့တူတယ်... အသံ ကြားရသေးလားလို့"

တစ်ဖက်လူ၏ အသံထွက်လာသည်။
" လိုင်းကောင်းပါတယ်ဗျ... ကျွန်တော် ကြားရတယ်"

" ဘာ...ဘာပြောလိုက်တာလဲ.. ဘာသံမှ မကြားရတော့ဘူး"
ကျိမင်ရွေ့က မကြားချင်ယောင်ဆောင်၍ ဖုန်းအတင်းချလိုက်သည်။
" ဟဲလို.. ဟဲလို.. အဲ့ဒါဆိုလဲ နောက်မှ ဆက်ပြောတော့မယ်နော်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now