Unicode
အကုန်လုံး နေရာယူပြီးကြပြီဖြစ်၍ တံခါးဝနားမှ ခုံနှစ်လုံးသာ အလွတ်ကျန်သည်။ ချီချင်းတွင်သာ ရွေးချယ်စရာရှိပါက ဒီလိုအရူးကောင်နှင့် အတူထိုင်ရန် လုံးဝစိတ်မကူး။
ချီချင်းက ခပ်လှမ်းလှမ်းမှ ကျိမင်ရွေ့ကို မေးဆတ်ပြလိုက်သည်။
" မင်း .. ထွက်လာခဲ့"" ???"
" နေရာလဲထိုင်မယ်"
ချီချင်းကို မျှားခေါ်လာသော ကျိမင်ရွေ့မှာ လက်စားအချေခံရမည်စိုး၍ ခပ်မြန်မြန်လေး ပြန်ဖြေသည်။
" ငါ ထွက်လာဖို့ အဆင်မပြေလို့ပါကွ"" ဒီမှာကြည့်လေ.. ငါ့ဘေးနှစ်ဖက်လုံး လူတွေပြည့်နေတာ"
ကျိမင်ရွေ့ ဆက်ပြောနေသည်။
" ပြီးတော့ ကျန်းယွီနဲ့ ရှောင်းလန်လဲ ငါ့ကို မလွှတ်ပေးနိုင်ဘူးတဲ့"ကျန်းယွီ : "..."
ဆုရှောင်းလန် : "..."
ထမင်းလေးစားရုံပဲကို .. ဘယ်မှာစားစား အတူတူပဲ.. ထိုင်ချင်တဲ့နေရာထိုင်ပေါ့.. သူ့ကို ဘယ်သူဆွဲထားလို့လဲ...
ချီချင်း ရွေးချယ်စရာမရှိတော့။ ထိုင်ခုံနေရာယူပြီးနောက်တွင်တော့ ရှဲ့လင်က ဘာမှထပ်မပြောတော့ပဲ သူ့ရှေ့မှ သံပုရည်ခွက်ကို ဖယ်ပေးလိုက်သည်။
ချီချင်းက မျက်လုံးလှန်၍ ကြည့်သည်။
ရှဲ့လင် ပြန်ရှင်းပြလိုက်ရ၏။
" အေးနေလို့"ချီချင်းအကြည့်တို့ ပြန်ရုတ်သိမ်းသွားသည်။
သူ့မြင်ကွင်းထဲမှ ရှဲ့လင် ခဏပျောက်သွား၏။ သို့သော် စက္ကန့်နှစ်ဆယ်အကြာတွင် ပြန်ရောက်လာသည်။ သူ့လက်ထဲတွင် အငွေ့တထောင်းထောင်းထနေသော ရေနွေးဖြူတစ်ခွက်ပါလာကာ ချီချင်းရှေ့ ချပေးလိုက်၏။ ထို့နောက် သူ့ခွက်ထဲ လက်ဖက်ရည်နွေးကိုလဲ ငှဲ့ပေးနေသေးသည်။
" မင်း ခုန တံခါးဝမှာ ရပ်နေတုန်းက ဖျားနေတဲ့ပုံပေါ်လို့.. မင်း ကိုယ်အပူချိန် တိုင်းကြည့်သေးလား"တစ်ဖက်လူမှာ စကားနှစ်ခွန်းထက်ပိုပြီး လူမဆန်နိုင်သည်ကိုတော့ နောက်ပြောလာသောစကားကြောင့် ချီချင်း သေချာသိလိုက်ရသည်။
" တောင်းပန်ပါတယ်.. ကိုယ် မင်းကို အပေါ်ကနေ အတင်းတက်မဖိထားခဲ့သင့်ဘူး"
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...