Unicode
အချိန်က သန်းခေါင်ကျော်ပြီး၍ မနက်သုံးနာရီသာ ရှိသေး၏။ အပြင်တွင် မှောင်မဲနေကာ တစ်တိုက်လုံး တိတ်ဆိတ်နေသည်။ ဆောင်းရာသီဖြစ်၍ မြင့်မားသော သစ်ပင်ရိပ်တို့က လမ်းမီးရောင်များကြားတွင် လေတိုက်တိုင်း ယိမ်းထိုးနေသည်။ တစ်ခါတစ်ရံ လမ်းဘေးကြောင်များ၏ အော်သံတချို့ကို ကြားရတတ်၏။
ရှဲ့လင်မှာ ဆုံလည်ကုလားထိုင်တွင် ထိုင်၍ စာတစ်အုပ်ကိုင်ကာ စာရွက်များ လှန်လှောနေသည်။ စားပွဲပေါ်တွင်လဲ ရှဲ့လင်ဖွထားသော စာအုပ်များက ပုံလျက်သား။ "မှုခင်းသိပ္ပံ" "သဲလွန်စရှာခြင်းအနုပညာ" "မှုခင်းစိတ်ပညာ" စသဖြင့် စာအုပ်ပေါင်းများစွာ တင်ထား၏။
စာအုပ်တိုင်းတွင် ဂရုတစိုက်ဖတ်ထားသော ရှဲ့လင်၏ အမှတ်အသားများ မျဉ်းရာများနှင့် ပြည့်နှက်နေသည်။
လက်ရှိ ရှဲ့လင်ကိုင်ထားသော စာအုပ်ပေါ်တွင် "ကလေးလေး.. လျှောက်မဖတ်ရ" ဟူ၍ လက်ရေးနှင့် ရေးထားသည်။
ထိုသူ၏ လက်ရေးမှာ နူးညံ့ကြင်နာမှုတို့ ပြည့်နှက်နေကာ ဖိရေးထားသော ဘောပင်ထိပ်ကြောင့် စည်းကမ်းတင်းကြပ်မှုကိုပါ မြင်နိုင်သည်။
ထိုသူရေးထားသော "ကလေးလေး" ဆိုသည်မှာ ထိုစဉ်က သူ့ခါးလောက်သာ ရှိသေးသော ညီလေးဖြစ်သူကို ဆိုလိုသည်။
ထိုအချိန်က ရှဲ့ဖုန်းမှာ ရဲသင်တန်းကျောင်းကို စတက်ချိန်ဖြစ်ပြီး စာလဲ အတော်ကြိုးစားလေသည်။ ဘာသာရပ်တိုင်းကို သေသေချာချာ လေ့လာကာ ကျောင်းတက်နေစဉ်တွင်ပင် အမှုလိုက်ရာတွင် ကူညီပေးတတ်သည်။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက်ရ၍ အိမ်ခဏပြန်လာသည့်အချိန်တွင်ပင် စာကြည့်ခန်းထဲတွင်သာ စာဖတ်နေတတ်သည်။ သိချင်စိတ်ကြောင့် ရှဲ့ဖုန်း၏ စာအုပ်များကို ခိုးခိုးဖတ်လေ့ရှိသော ရှဲ့လင်မှာ ခဏခဏ သတိပေးခံရ၏။
သို့သော် ဘယ်လောက်ဆူဆူ အသုံးမဝင်။ ရှဲ့လင်က အခွင့်အရေးရသည်နှင့် ယူဖတ်တတ်သည်။ ရဲသင်တန်းကျောင်းတွင် ပြဌာန်းထားသော နိုင်ငံပေါင်းစုံမှ အမှုကြီးငယ်အသွယ်သွယ်တို့မှအစ ရဲအရာရှိအဖြစ် ရှဲ့ဖုန်းတာဝန်ကျစဉ် တစ်လျှောက်လုံးလိုက်ခဲ့ရသော အမှုများအားလုံးကို ရှဲ့လင် မဖတ်ဖူးတာ မရှိခဲ့။
ΔΙΑΒΑΖΕΙΣ
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Μυστήριο / Τρόμου/ ΘρίλερTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...