Chapter 37- Recovery

1K 251 16
                                    

Unicode

တစ်ညလုံး ကိုရီးယားကားကြည့်၍ ငိုလိုက်ရယ်လိုက်လုပ်နေခြင်းကို ကြားနေရသည်နှင့် စုံတွဲများ ချစ်တင်းနှောသည့် အသံကို ကြားရခြင်းတို့တွင် တစ်ခုကို ရွေးလို့ပြောလာပါက ချီချင်း ပထမတစ်ခုကိုသာ ရွေးမည်ဖြစ်၏။

ချီချင်း မီးဖိုခန်းထဲဝင်ကာ ရေနွေးတည်နေစဉ် နောက်ထပ်စကားသံကို ကြားရပြန်သည်။
~~~ ချင်းချင်းရယ် မင်းက အရမ်းလှတာပဲ ~~~

ချီချင်းတစ်ယောက် မျက်နှာသေနှင့် ဖန်ခွက်ထဲ ရေနွေးငှဲ့နေသည်။

ရန်ချင်း ပထမဆုံးပြောင်းလာသည့်နေ့က သူငယ်ချင်းတစ်ယောက်နှင့်အတူနေရန် စီစဉ်ထားသည်ကို သူ သတိရလိုက်သည်။

အခုပုံစံအရဆိုလျှင်တော့ သူမနှင့်အတူနေထိုင်သူမှာ ရည်းစားကောင်လေးသာ ဖြစ်ပုံရသည်။

သူမကဲ့သို့ နူးနူးညံ့ညံ့နှင့် ရှက်တတ်သော မိန်းကလေးမှာ ပထမဆုံးတွေ့ဖူးသူကို ရည်းစားနှင့်အတူနေသည်ဟု ပြောထွက်မှာမဟုတ်။

ချီချင်းလဲ အတတ်နိုင်ဆုံး မကြားချင်ယောင်ဆောင်ရင်း သူ့ဘေးမှ ဆေးသေတ္တာကို ဖွင့်သည်။ သူ့တွင် ပြင်းထန်သော OCD ရောဂါ ရှိနေသည့်အလား ‌ဆေးများကို သပ်ရပ်စွာ စီထည့်ထား၏။ အိမ်တွင်နေသည့်အချိန် လက်အိတ်ဝတ်လေ့မရှိသဖြင့် ချီချင်းက ဆေးကတ်လေးများကို လက်ချောင်းနှင့် တို့ထိရင်း အိပ်ဆေးနေရာရောက်တော့ ရပ်သွားသည်။

အိပ်ဆေးမတိုးတော့သော်လဲ တစ်လုံးလောက်တော့ သောက်ရန် သူ ကြံရွယ်ထားသည်။

အိပ်ရာပေါ်လှဲရင်း အိပ်ဆေးအစွမ်းပြလာမည်ကို စောင့်နေစဉ် အသံတချို့ ဆက်ကြားရသည်။

~~~ မင်းရဲ့ ဆံနွယ်လေးတွေက ပျော့ပျောင်းနေတာပဲ.. ကိုယ်လဲ အခုမှ ရေချိုးလာတာ နမ်းကြည့်ပါလား ~~~

~~~ မင်းက အိပ်ပျော်နေတာတောင် အရမ်းလှတုန်းပဲ~~~

လူနှစ်ယောက်ကြားမှ ချစ်ခြင်းတရားကို ချီချင်း သိပ်နားမလည်။

ဆေးသောက်ပြီးသော်လဲ အိပ်ရာထဲ မျက်လုံးဖွင့်နေရသည်။ အိပ်မပျော်သည့်အတွက် စက္ကန့်တိုင်းက အတော်လေးကြာနေသည်ကို ခံစားနေရ၏။ ခဏကြာ‌၍ ဘေးမှ ဖုန်းကို ယူကြည့်တော့ အခုမှ မိနစ်နှစ်ဆယ်သာ ကြာသေးကြောင်း သိလိုက်ရသည်။ အောက်ထပ်မှ အသံက တစ်ချက်တစ်ချက် ဝင်ဝင်လာသလို အိပ်ဆေးကလဲ နည်းနည်းလေးပင် အစွမ်းမပြ။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Nơi câu chuyện tồn tại. Hãy khám phá bây giờ