Chapter 33- အိမ်ငှား

1.1K 251 24
                                    

Unicode

စောင့်ကြည့်ခန်းတံခါးပွင့်လာသော်လဲ ရှဲ့လင်နှင့် ချီချင်းတို့ နည်းနည်းလေးပင် လှုပ်ရှားခြင်းမရှိ။ တံခါးဝရှိ လူနှစ်ယောက်ကသာ ပါးစပ်အဟောင်းသားနှင့် ဖြစ်နေသည်။

ကျိမင်ရွေ့တစ်ယောက် အသံထွက်နိုင်ရန် အတော်ပင် အချိန်ယူလိုက်ရသည်။
" မင်း.."

ချီချင်းက သူ့ကိုပြန်မော့ကြည့်သည်။

ကျိမင်ရွေ့ : " မင်း လက်အိတ်တွေရော"

" ချွတ်ထားတယ်လေ"
ချီချင်းက ပြန်ဖြေသည်။
" မင်း မျက်လုံး တစ်ခုခုဖြစ်ထားလို့လား.. မမြင်ရဘူးလား"

"..."

သေချာပေါက်ကို မြင်တာပေါ့

မေးခွန်းက ဘာလို့ လက်အိတ်ချွတ်ထားသည်လဲဆိုတာဖြစ်သည်။

အခုတော့ ကျိမင်ရွေ့ နည်းနည်းလေး မနာလိုဖြစ်လာသည်။ မနာလိုဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ ချီချင်းက သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်သည်ဟု အမြဲယုံကြည်ထားသောကြောင့်ပင်။ အထက်တန်းကျောင်းသားဘဝမှစ၍ သူနှင့် ချီချင်းကြားမှ ဆက်ဆံရေးမှာ တခြားသူများထက် နည်းနည်းပိုနီးကပ်ခဲ့သည်။ တခြားသူများက ချီချင်းနှင့် နှစ်မီတာအကွာတွင်သာ နေရသော်လဲ သူကတော့ တစ်မီတာအတွင်း ဝင်‌နိုင်ခဲ့သည်။

သူ့ဘက်ကစ၍ စကားပြောသော်လဲ ချီချင်းက သူ့ကို အမြဲ လျစ်လျှူရှုခဲ့၏။ သို့သော် တခြားသူများဆို ချီချင်းကို တစ်ဖက်သတ် စကားပြောခွင့်ပင်မရှိ။ အတိုချုံးရသော် သူနှင့် ချီချင်းကြားမှ နီးကပ်မှုလေးသည် သေးသေးလေးသာ ရှိသည်ဆိုဦးတော့ သူများတွေထက်တော့ သာခဲ့သည်။

နှစ်ပေါင်းများစွာ စိတ်ရှည်ရှည် ကြိုးစားခဲ့မှုကြောင့် ချီချင်း၏ လက်အိတ်အောက်မှ လက်တစ်စုံကို ကျိမင်ရွေ့ မြင်ခွင့်ရခဲ့သည်။

အခုတော့ ...

တစ်လောကလုံးတွင် ချီချင်းကို အသိဆုံးသူက သူမဟုတ်တော့။

ကျိမင်ရွေ့တစ်ယောက် မျက်ဆန်များ လှုပ်ခါနေသည်။

အကယ်၍ ချီချင်းသာ ကျိမင်ရွေ့တွေးနေသည်ကို ကြားမိပါက "အရူး" ဟု မှတ်ချက်ချမည်ဖြစ်သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Unde poveștirile trăiesc. Descoperă acum