Chapter 74- ရုပ်ရည်

1K 278 9
                                    

Unicode

တစ်ဖက်တွင် ထိုက်ကော အဆောင်လက်ဖွဲ့ဆိုင်ကို စောင့်ကြည့်နေသော အဖွဲ့က ဆိုင်ရှင်ကို အရောင်းအဝယ်မှတ်တမ်း ပြခိုင်းနေသည်။ ထိုင်းစာလုံးများ ပြည့်နှက်နေသော စာရွက်များကို သူတို့နည်းနည်းလေးပင် နားမလည်ကြ။

" ဒီလူတွေ အကုန်လုံးက မင်းဆီမှာ ကံကြမ္မာပြောင်းဖို့ လာလုပ်ကြတာလား"

ဆိုင်ရှင်က ခေါင်းညိတ်သည်။
" အကုန်လုံး ‌ဒီမှာ စာရင်းမှတ်ထားပါတယ်"

မှုခင်းရဲမှာ နာမည်တစ်ခုချင်းစီ လိုက်ရှာသော်လဲ အမှုနှင့် ပတ်သက်သူတစ်ယောက်ကိုမှ မတွေ့ခဲ့ရ။
" မင်း ပြောတာ ‌သေချာလား.. နောက်မှ သက်သေထိန်ချန်ထားတယ်လို့ တွေ့ရင် နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာ မင်း သိတယ်နော်"

ဆိုင်ရှင်လဲ အရင်တစ်ခါက စီးပွားပျက်ချင်ယောင်ဆောင်၍ သူ့ဆီမှ သတင်းယူသွားသော လူနှစ်ယောက်ကို သတိရသွား၍ ပြောလိုက်သည်။
" ခင်ဗျားတို့ကလဲ.. ဒီအခြေအနေတောင် ရောက်နေပြီပဲ.. ဘယ်လိုလုပ် ထိန်ချန်ထားရဲမှာလဲ"

မှုခင်းရဲက 'ကံ' ဟု ခေါင်းစဉ်တပ်ထားသော စာမျက်နှာကို ကျော်၍ကြည့်တော့မှ ရင်းနှီးနေသော နာမည်တစ်ခုကို တွေ့လိုက်ရသည်။

" ဒါ.. ဟိုတစ်ယောက် မဟုတ်ဘူးလား"
သူ့ဘေးမှ တခြားမှုခင်းရဲသည်လဲ သတိထားမိသွား၍ စာရွက်ထဲမှ နာမည်ကို သေချာထောက်ကြည့်သည်။
" ဟို မင်းသမီးရဲ့ မန်နေဂျာ"

မှုခင်းရဲက စာရွက်ကို လှန်လှောနေသည်။
" ခင်ဗျားပြောတော့ ဒါအကုန်ပဲဆို.. ဘာလို့ ဒီမှာ ထပ်ရှိနေတာလဲ"

ဆိုင်ရှင်မှာ ကြောက်ရွံ့နေပုံနှင့် ပြန်ပြောသည်။
" ဒါပေမဲ့.. ဒီစာရွက်ထဲကလူတွေက ကံကြမ္မာပြောင်းချင်လို့ လာကြတာမဟုတ်ဘူးဗျ"

သ‌န္ဓေသားအလောင်းကို ‌မွေးမြူ၍ လူတစ်ယောက်လုံးကို အရှင်လတ်လတ် မျက်နှာအရေခွံခွာတာက ကံကောင်းချင်လို့မဟုတ်ရင် ဘာလို့များလဲ....

တရုတ်စာလုံးနှင့် ရေးထားသော နာမည်များမှလွဲ၍ တခြားစာလုံးများမှာ ထိုင်းဘာသာနှင့်သာ ဖြစ်သောကြောင့် သူတို့နားမလည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now