အခန်း (၁)

3.9K 323 20
                                    

Unicode

တိတ်ဆိတ်​​သော လူနာ​ခန်းသည် ပိုးသတ်​ဆေးနံ့များနှင့် ပြည့်နှက်​နေသည်။ တာဝန်ကျ သူနာပြုနှစ်​ယောက် အပြင်ဘက်တွင် စကား​စမြည်ပြော​နေကြလေ၏။ 

"အထူးလူနာ​​ခန်းထဲက ​ကောင်​လေးက ချစ်စရာ​ကောင်းလိုက်တာ"

"ချစ်စရာ​​ကောင်းတယ်? သူက လုံးဝကို ငကြောင်ဟ။ သူက ​စေ့စပ်ခါနီး​တောင် တခြားအမျိုးသမီးနဲ့ ရှုပ်​နေတုန်းပဲ။ ဒါ​ပေမဲ့ ရဲ​တွေ ဖမ်းမိသွားတယ်လေ။ ဘယ်လို​တောင် ကြီးမားတဲ့ အရှုပ်အ​ထွေးကြီးတုန်း"

"မူးယစ်​ဆေး အလွန်အကျွံ သုံးလို့ ​ရောက်လာတာလို့ ငါကြားတာ။ နင်သိတဲ့အတိုင်းပဲဟာ ချမ်းသာတဲ့ မိသားစုက က​လေး​တွေ​လေ"

ကုတင်​ပေါ်မှာ ယဲဖန်သည် လဲ​လျောင်းနေပြီး မျက်လုံး​တွေ လှည့်ပတ်​နေ၏။ သူက ဘာလို့ သူနဲ့နာမည်တူနေတဲ့ ဒီကောင်​လေးကိုယ်ထဲ ကူး​ပြောင်းလာရသလဲ ဆိုတာ လုံးဝနားမလည်ပေ။

ယဲဖန်သည် ဆန်ရွမ်တိုက်ကြီး ပီယွမ် ဂိုဏ်းတွင် ​မွေးဖွားခဲ့သည်။ သူ့အဘိုးက ​ဂိုဏ်းချုပ်တစ်ဦး ဖြစ်ပြီး သူ့အ​ဖေဆိုလဲ အကြီးဆုံးထိပ်တန်းတပည့် တစ်ဦးဖြစ်သည်။ သူသည်လဲ ကျင့်ကြံခြင်းရဲ့ ဒုတိယမျိုးဆက် တ​စ်ယောက် ဖြစ်သည်။
ယဲဖန် ​မွေးဖွားလာ​သည့်အခါတုန်းက ကျိ​ဝေ့ကြယ် ​ကြွေကျလာပြီး ​ကောင်းကင်မှာ မူမမှန်မှုများ ​ပေါ်​ပေါက်လာခဲ့သည်။ ထိုအချိန်တုန်းက ဂိုဏ်းတစ်ခုလုံး ထိတ်လန့်သွားခဲ့သည်။ လူတိုင်းနီးပါးဟာ ယဲဖန်သည် ကြီးမား​သော ကျင့်ကြံခြင်း စွမ်းရည်ဖြင့်​မွေးဖွားလာသည်ဟု ထင်မှတ်ခဲ့ကြလေသည်။

ကံမ​ကောင်းစွာဖြင့် သူ အသက်၅နှစ်​ရောက်​သောအခါ သူ့တွင် စိတ်ဝိဥာဏ် အရင်းမြစ် မပါရှိ​ကြောင်း စမ်းသပ်မိခဲ့သည်။ စိတ်ဝိဥာဏ် အရင်းမြစ် မပါရှိ​သော်လည်း ကိုး​ရောင်ခြယ်နတ်ဝိဥာဏ်ကို ပိုင်ဆိုင်ခဲ့သည်။ ထိုဝိဥာဏ်နှင့် ​မွေးဖွားလာသည့် မည်သူမဆို ၎င်းက ​ဆေးပညာ ၊ မှော်လက်နတ်များ ၊ မန္တန်များ ၊ တည်​ဆောက်ခြင်းနှင့် ဝိဥာဏ် သားရဲယှဥ်ပါးခြင်းတို့တွင် ကျွမ်းကျင်ကြလေ၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now