အခန်း (၄၃)

1.5K 237 7
                                    

Unicode

​​လေးရာသီဟိုတယ်၌

"သူ​ဌေး​၊ မကြာ​သေးခင်က ကျွန်​တော့်ကို ရှာခိုင်းထားတဲ့ကိစ္စ​လေ တိုးတက်မှုတစ်ချို့ရှိတယ်။ ကျန်းစီလျန်နှင့် သူ့လက်ရှိဇနီးတို့ ရန်ပွဲကြီး ဖြစ်ခဲ့တယ်။ အခုသူတို့တွေ ကွာရှင်းပြတ်စဲလိုက်ကြပြီး ယွမ်ယီ့ဆွေမျိုး​တွေဆီမှာ မ​​တော်တဆမှု​တွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်။ သူတို့​တွေက ကားမ​​တော်တဆမှုတစ်ခုမဟုတ်တစ်ခု ဖြစ်ခြင်း ဒါမှမဟုတ် သတင်းပို့ခံရပြီး ​​ထောင်ချခြင်း​တွေ ခံ​နေရတယ်။ အိုး ဟုတ်သားပဲ။ ကျန်းစီလျန်ဇနီး​​ဟောင်းလဲ ပြန်​ရောက်လာပြီး ယွမ်ယီကို စိတ်ကျန်းမာ​ရေး​ဆေးရုံကို ပို့လိုက်ပြီ"

ချန်စုန်ပင်သည် သူ့​မေး​စေ့ကို ထိကာ "ဒီ​လောက်မြန်မြန်ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

ထိုသူက ​လေယာဥ်​ပေါ်တွင် ယဲဖန်​ဘေး၌ ထိုင်ခဲ့သည့် လူအိုကြီးဖြစ်​လေသည်။

"သူ​ဌေးကျန်းက သူ့လက်ရှိဇနီးနဲ့ ကွဲလိမ့်မယ်ဆိုတာ သူ​ဌေးက ဘယ်လိုလုပ်သိတာလဲ"

ချန်စုန်ပင်က ပြုံးကာ "ကျပန်း ခန့်မှန်းလိုက်ရုံတင်ပါပဲ။ ​လေယာဥ်​ပေါ်မှာ အရည်အချင်းရှိတဲ့ လူတစ်​ယောက်နဲ့ ​တွေ့ခဲ့တယ်။ ကျန်းစီလျန်သာ မညံ့ဘူးဆို မကြာခင် သူ့မိသားစုမှာ ​ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ။ ဒီလူငယ်က တကယ်ကို တစ်ခုခုပဲဆိုတာ မ​ထင်ထားခဲ့မိဘူး"

"ကျန်းစီလျန်ဇနီး​ဟောင်း ပြန်လာတဲ့ပုံပဲ။ သူတို့နှစ်​ယောက်ကွာရှင်းခဲ့တုန်းက ရန်သူ​တွေဖြစ်သွားခဲ့​ပေမဲ့ အခုကြည့်ရတာ​တော့ အဆင်​ပြေ​နေတဲ့ပုံပဲ"

ချန်စုန်ပင်က ​မေးလိုက်၏ "မင်း ခရီးသည်​တွေအချက်အလက်ရှာလို့ရခဲ့လား"

"သူ​ဌေး ​လေယာဥ်​ပေါ်မှာ သူ​ဌေး​ဘေးမှာထိုင်တဲ့လူကို ယဲဖန်လို့​ခေါ်တယ်။ သူ့​နောက်ခံက နည်းနည်း​တော့ ထူးဆန်းတယ်။ သူက စီမြို့​တော် ယဲမိသားစုက ဖြစ်ပြီး အရှုပ်အရှင်းတစ်ခု​ကြောင့် မိသားစုကနေ နှင်ထုတ်ခံထားရတာ။ သူ့မိခင်က​တော့ ဝူမိသားစုကပဲ။ ပြီး​တော့ ပိုင်မိသားစုက တတိယသခင်​လေးနဲ့လဲ ရင်းနှီးတဲ့ပုံပဲ။ ဒီရက်​ပိုင်းတွေမှာ မစ္စတာပိုင်ရဲ့ရုံးခန်းထဲကို မကြာမကြာဝင်ထွက်နေခဲ့တယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now