အခန်း (၉၈)

1.2K 232 63
                                    

Unicode

​လေဆိပ်ဧည့်ခန်းထဲတွင် ​စောင့်​နေ​ရင်း ယဲဖန်သည် မသဲမကွဲ ​ပြော​နေခဲ့သည် "အဲ့ဒီ​ကောင်စုတ်​လေး ဘယ်ချိန်မှ ​ရောက်လာမှာတုန်း"

"​လေယာဥ်ချိန်က ​​နောက်ကျ​နေတယ်။ ခဏ​နေမှ ​ရောက်လိမ့်မယ်။ ခဏ​လောက် သည်းခံလိုက်ပါအုံး" ပိုင်ယွင်ရှီက ညင်ညင်သာသာ ​ပြောလာ၏။

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး ရှုံတွတွဖြင့် "အွန်း။ အဲ့ဒီ​ကောင်စုတ်​လေး ​လေဆိပ်မှာ ပြန်​ပေးဆွဲခံလိုက်ရရင် ဘယ်လိုလုပ်မလဲ"

ပိုင်ယွင်ရှီ "....."

"သူ ထွက်လာပြီ"

ခရီသည်များအားလုံး ထွက်လာ​တာ​ကြောင့် ​လေဆိပ်ဟာ ပိတ်ဆို့သွားခဲ့သည်။

ယဲဖန်သည် စိတ်ဓါတ်ကျ​နေ​သော ​လေသံဖြင့် "အဲ့ဒီ​ခြေ​တိုတို​လေးက ဘယ်မှာတုန်း။ ငယ်ငယ်​ရွယ်ရွယ်လေးနဲ့ အိမ်က ထွက်​ပြေးလာတယ်။ အဆင်ကိုပြေမ​နေဘူး"

"အဲ့ဒီတစ်​ယောက်လား" ပိုင်ယွင်ရှီသည် ရောင်စုံဆံပင်လေးနှင့် ​ကောင်​လေးတစ်​ယောက်အား ညွှန်ပြလိုက်သည်။

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ကာ "ဟုတ်တယ်။ သူပဲ"

ယဲဖန်ကို မြင်​တော့ ထို​ပေါင်မုန့်က​လေးက စိတ်လှုပ်ရှားစွာ ​ပြေးလာပြီး "ဦး​လေး" ဟု ဆိုကာ ယဲဖန်ထံ ပစ်ဝင်လာခဲ့သည်။

ပိုင်ယွင်ရှီက သူ့ကိုယ်သူ ​တွေး​နေမိသည် 'ဒီဦး​လေးနဲ့တူက တကယ့်ကို အမြင်တူရှိတာပဲ။ နှစ်ယောက်လုံးက ​ဆံပင်​​​လေလွင့်တာကို ကြိုက်ကြတယ်'

"မင်းဆံပင်​ဆေးဆိုးထားတာလား" ယဲဖန်က ​မေးလိုက်သည်။

ဝူ​ဟောက်ချန်သည် သူ့​ခေါင်း​ပေါ်မှ ဆံပင်တုအား ဆွဲချွတ်လိုက်ရင်း "ဟင့်အင်း။ ဒါက ဆံပင်တု​လေ။ သားသာ ဆံပင်​ဆေးဆိုးလိုက်ရင် သားအ​ဖေက သတ်လိမ့်မယ်"

ပိုင်ယွင်ရှီသည် အထင်မကြီးဘဲ မ​နေနိုင်​တော့​ပေ 'ဝူ​ဟောက်ချန်က ငယ်ရွယ်​ပေမဲ့ ယဲဖန်ထက်​တော့ ပိုပြီးစမတ်ကျသားပဲ'

"ဟမ်၊ ဒီပစ္စည်းက မဆိုးဘူးပဲ။ ငါလဲ ​နောက်တစ်ခါ တစ်ခု​ဆောင်ထားရမယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now