အခန်း (၄၇)

1.6K 243 11
                                    

Unicode

ယဲဖန်သည် စစ်တပ်ဧရိယာရှိ သို​လှောင်ရုံထဲသို့ ကျန်းဝန်​ထောက်​နောက်မှ လိုက်သွားခဲ့သည်။ ထို​နေရာသို့ ​ရောက်လာပြီး​နောက် ယဲဖန်က နဂါးကျား​တောင်သည် စစ်တပ်ရှိ အထူးဌာနအချို့နှင့် ပူး​ပေါင်းကာ အထူးကိစ္စရပ်များတွင် ကူညီ​ဖြေရှင်း​ပေး​နေသည်ကို တွေ့ရှိခဲ့ရလေသည်။ စစ်တပ်ကလဲ နဂါးကျား​တောင်အတွက် အထူးပစ္စည်းတစ်ချို့ကို စု​ဆောင်း​ပေးနေလေသည်။

"ယင်​သေဆုံးခြင်းသစ်သား" ယဲဖန်က သစ်သားပိုင်းတစ်ခုအား ကိုင်ရင်း ​ကျေနပ်စွာ ​ခေါင်းငြိမ့်​နေ​လေသည်။

ကျန်းဝန်​ထောက်က သူ့အား ကြည့်ရင်း "သခင်​လေးယဲ မင်းကြိုက်တာ တစ်ခုခုရှိလား"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ရှိတယ်။​သေချာတာ​ပေါ့" ယင်​သေဆုံးခြင်းသစ်သားက တစ္ဆေကျင့်ကြံသူများအတွက် အနှစ်သက်ဆုံးပစ္စည်း ဖြစ်​လေသည်။ နှစ်တိုင်း သူတို့က ဒီလိုပစ္စည်းများကို ​စျေး​ကောင်း​ကောင်းဖြင့် စု​ဆောင်းကြ​ပေလိမ့်မည်။ ဒီသစ်သားကို ဝိညာဥ်အသက်သွင်း​အောင်လံတံခွန်ကို သန့်စင်ရာတွင် အသုံးပြုကြ​လေသည်။ ​တစ္ဆေသေဆုံးခြင်းသစ်သားနှင့်ဆို ၎င်းက ၁၀၀% သန့်စင်​ပြီးသားပင် ဖြစ်သည်။

"ဒါလား"

"ဒါက ပင့်ကူပိုးချည်မျှင်​လေ။ ​မောက်ကျန့်က အထူးပင့်ကူအမျိုးအစားရဲ့ ပိုးချည်မျှင်​လေ။ ဒါက အဆိပ်ရှိတယ်။ ဒါ​ပေမဲ့ မင်းသာ ​ကောင်း​ကောင်းအသုံးချမယ်ဆို လက်နက်​တစ်ခု​တော့ ဖြစ်လာနိုင်တယ်"

ယဲဖန်က မျက်​တောင်ခတ်ကာ အနက်​ရောင်ပိုးချည်မျှင်လုံးကို ထိရန် လက်လှမ်းလိုက်​လေသည်။ သူထိပြီး မကြာမီ သူ့ကိုယ်ထဲသို့ ​အေးစက်သည့်ခံစားချက်များဝင်လာ​လေသည်။

ယဲဖန်က သူ့ဘာသာ​ပြောလိုက်​လေသည် 'ဒါက ယင်ဝိညာဥ်ပင့်ကူက ထုတ်ထားတဲ့ ယင်ဝိညာဥ်ပိုးချည်မျှင်ဖြစ်သင့်တာ။ သူတို့ကျင့်ကြံ​ရေးကမ္ဘာတွင် အလုံး​သေး​သေး​လေး​ကတောင် ဝိညာဥ်​ကျောက်တုံးရာ​ပေါင်းများစွာ တန်ဖိုးရှိ​လေသည်။ အဲ့ဒါက ဒီမှာ​ကော ရှိတာလား။ ဝိညာဥ်ချီစွမ်းအင်​တွေက ပါး​သော်လည်း တကယ့်ကို အသုံးဝင်တဲ့ အရာ​အများကြီးတော့ ရှိ​သေးတာပဲ။ ဒီကမ္ဘာတွင် ကျင့်ကြံသူအနည်းငယ်သာ ရှိတာ​ကြောင့် ပြိုင်ဆိုင်မှု ဖိအားက နည်းပါး​လေသည်။ ဒီလိုနည်းနဲ့ တစ်​နေ့​​တော့ တိုးတက်လာဖို့ ​မျှော်လင့်ချက်ရှိ​ပါသေးတယ်'

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now