အခန်း (၂၈)

1.7K 260 16
                                    

Unicode

​တောင်​ပေါ်တွင် ရက်အနည်းငယ်​လောက် ကျင့်ကြံပြီး​နောက် ယဲဖန်သည် ပြန်လာခဲ့သည်။

ယဲဖန်သည် စီမြို့​တော်သို့ ပြန်လာပြီး​နောက် ပထမဆုံးလုပ်သည့်အရာမှာ ဝူမိသားစုရှိ သူ့လိပ်ငယ်​လေးကို သွား​ခေါ်ရန် ဖြစ်သည်။

ဒါ​ပေမဲ့ ယဲဖန် မ​မျှော်လင့်ထားသည်က သူ​ရောက်လာပြီး​နောက် သူ့အတွက် ​​နောက်ထပ်ကောင်းမွန်သည့်အရာက​ စောင့်​နေခြင်းဖြစ်သည်။ 

"ဒါက မြို့​​တော်ကလား" ယဲဖန်က စိတ်လှုပ်ရှားစွာ ​မေးလိုက်သည်။

"ဟုတ်တယ် ဒါက သယ်ယူ​ပို့​ဆောင်ရေးစာရွက်ပဲ။ ဒါ​ပေမဲ့ လက်မှတ်မပါဘူး"

ယဲဖန်က တခစ်ခစ်ရယ်ကာ "ဘယ်သူပို့တာလဲဆိုတာ ငါသိပြီ။ သူက အ​ရေပါးတာပဲ။ ဒါ​ပေမဲ့ ငါသိသ​ရွေ့​တော့ ကိစ္စမရှိပါဘူး"

"ဦး​လေးဖန် ဒါက ကျွန်​တော့်အ​ဒေါ်ဆီကလား" ဝူ​ဟောက်ချန်က ယဲဖန်၏အင်္ကျီလက်ကို ဆွဲကာ အတင်း​ပြောသည့်မျက်နှာထားဖြင့် ​မေးလိုက်သည်။

ယဲဖန်သည် ​ခေါင်းငြိမ့်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်။ အဲ့ဒါက သူပဲ။ မင်းဦး​လေး ငါက သူ့​ရှေ့မှာ သူရဲ​ကောင်း ဝင်လုပ်ပြလိုက်တာ​ကြောင့် သူ့ရင်ထဲထိသွားတာ​ဖြစ်မယ်"

ဝူ​ဟောက်ချန်က စိတ်လှုပ်ရှားစွာဖြင့် "ဦး​လေးဖန် မင်းအတွက် အရမ်း​ကောင်းတယ်"

"မင်းအ​ဒေါ်က တကယ်ကို သ​ဘောထားကြီးတာပဲ" ယဲဖန်က ​ပြောသည်။

ဝူ​ဟောက်ချန်က ​ခေါင်းငြိမ့်လိုက်ကာ "ဟုတ်တယ်။ အ​ဖေနဲ့ အ​မေ နှစ်​ယောက်စလုံးက​တောင် ဒါ​တွေက ပစ္စည်း​ကောင်း​တွေလို့ ​ပြောခဲ့တာ။ ဒါက ​ဆေးဖက်ဝင်ပစ္စည်းနည်းနည်း​လေးဆို​ပေမယ့် အဆက်အသွယ်မရှိရင် ဝယ်လို့​တောင်မရဘူး"

ယဲဖန်က ​ပျော်ရွှင်စွာဖြင့် "ဒါက အရမ်း​ကောင်းတာပဲ။ သူက တကယ်ကို နားလည်တယ်။ ငါ သူ့နှလုံးသားကို ရရမယ်"

အခုချိန်တွင် သူပြန်လာရသည့် အဓိက အ​ကြောင်းအရင်းက သူသည် ချီစွမ်းအင်အချို့ကို သန့်စင်ရန် လိုအပ်​သော​ကြောင့်ဖြစ်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now