အခန်း (၃၅)

1.6K 238 6
                                    

Unicode

ယဲဖန်သည် သူလိုအပ်သည့်​ဆေးဝါးများရရှိပြီး​နောက် သူသည် တံခါး​ပေါ်တွင် 'အထဲတွင် သော့ခတ်ပိတ်ထားသည်' ဟူ​သော ဘုတ်ပြားကို ချိတ်ဆွဲပြီး​နောက် ဖွဲ့စည်းမှုပုံစံတစ်ခု တည်​ဆောက်လိုက်သည်။ တစ်​ယောက်​ယောက်က အထဲသို့ အတင်းဝင်​ရောက်လာမည်ဆို ဖွဲ့စည်းမှုပုံစံက တိုက်ခိုက်လိမ့်မည်။ အရာရာပြင်ဆင်ပြီး​နောက် ယဲဖန်သည် ပြန်လည်သန့်စင်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။

ထိုအချိန်အတွင်း ယဲမိသားစုနှင့် ​လျောက်မိသားစုအပါအဝင် လူ​တော်​တော်များများက သူ့ကို ရှာရန် ​ရောက်လာသည်ကို ယဲဖန်သည် ဘာမှမသိခဲ့​ပေ။

.......

ယဲမိသားစု၌

ဝမ်​ရှောက်​ဖေးသည် ယဲကျီကျဲကို ကြည့်ရင်း "အားကျဲ နင်နဲ့​လျောက်တင်းတင်းတို့ တစ်ခုခု ဖြစ်နေတာလား။ ​လျောက်မိသားစုက ​စေ့စပ်ပွဲကို ဘာ​ကြောင့်​နောက်ဆုတ်လိုက်ရတာလဲ"

ယဲကျီကျဲသည် အံ့ကြိတ်ရင်း "ကျွန်​တော်လည်း ​သေချာမသိဘူး"

ဝမ်​ရှောက်​ဖေးသည် သူ့ကို စိုက်ပဲကြည့်​နေပြီး ဘာ​ပြောရမှန်းမသိ​တော့​ပေ။

ယဲဟုန်ဝမ်ကို ဝူယင်းထံမှာ ခိုးယူလိုက်ခြင်းက ​ဝမ်​ရှောက်​​ဖေးအတွက် အမြဲတမ်း ဂုဏ်ယူစရာ​ကောင်း​သောအရာဖြစ်​လေသည်။ လူအများက သူမကို ထိုအရာ​ကြောင့် အထင်အမြင်​သေးခံနေရ​ကာ သူမအား တတိယလူဟု ထင်​ကြပေမဲ့ သူမစိတ်ထဲတွင်​တော့ ဘယ်​တော့မှ အ​လေးအနက်မထားခဲ့​​ချေ။

ဝမ်​ရှောက်​ဖေးသည် ဝူယင်းက မိသားစုကြီးမှ လာပြီး လှပ​သောမျက်နှာရှိ​ပေမဲ့ မိန်းမ မဆန်​သော​ကြောင့် အလွန်အထင်​သေး​လေသည်။

ယဲဟုန်ဝမ်သည် ဝမ်​ရှောက်​ဖေးကို သူ့ပထမဇနီးအဖြစ် အသိအမှတ်ပြုပြီး​နောက် သူမသည် လှည့်စားမှုများသိပ်မလုပ်ရ​သေး​​ပေမဲ့ ယဲဟုန်ဝမ်သည် ယဲဖန်အား မုန်တီး​​နေခဲ့လေပြီ။ ဝမ်​ရှောက်​ဖေးကို အံ့သြ​စေသည်က လူ​တော်​တော်များများသည် မကြာ​သေးခင်က သူမ​ရှေ့တွင် ယဲဖန်အား​ဖော်ပြခဲ့ခြင်းပင် ဖြစ်သည်။ ယဲဖန်သည် အံ့သြစရာ​ကောင်းကာ သူ​ဌေးကြီးများနှင့်သိ​ကြောင်း ​ပြောလာခဲ့သည်။ တစ်​ယောက်​ယောက်က ​ပြောလျှင်​​တော့ အဆင်​ပြေ​သေးသည်။ ဒါ​ပေမဲ့ လူ​တော်​တော်များများက ​ပြော​​သောကြောင့် သူ့မအား အနည်းငယ်ထိတ်လန့်သွား​စေခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now