အခန်း (၉၃)

930 194 23
                                    

Unicode

​ကျောက်ရှီကုမ္ပဏီ၌

"အမ နင်ဒီကို ဘာလာလုပ်တာလဲ" ပိုင်ယွင်ရှီက ​​မေးလိုက်သည်။

"ယဲဖန် ဒီမှာ မရှိဘူးလား" ပိုင်ယွင်​ဖေးသည် လှည့်ပတ်ကြည့်ကာ ​မေးလိုက်၏။

ပိုင်ယွင်ရှီက ​ခေါင်းခါလိုက်ပြီး "သူ အလုပ်တစ်ချို့သွားလုပ်​နေတယ်"

"နင် သူ့ကို တကယ်ယုံကြည်တာလား"

ပိုင်ယွင်ရှီက စိတ်ရှုပ်​ထွေးသွားကာ "ဘာလို့ ဒီလို​မေးတာလား"

ပိုင်ယွင်​ဖေးက နှာမှုတ်လိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် "သူနဲ့ ထန်ဝူရွမ်းတို့အ​ကြောင်းက ​ဖျော်​ဖြေ​ရေးသတင်း​တွေရဲ့ ​ခေါင်းစီးပိုင်း​တွေမှာ ပြည့်နှက်​နေတာ။ ဒါကို နင်က ဒီမှာ ထိုင်နိုင်​​နေသေးတာလား"

"ဒါက အဆင်​ပြေပါတယ်။ ယဲဖန်နဲ့ ထန်ဝူရွမ်းက နင်ထင်​နေသလို မဟုတ်ပါဘူး။ အ​တွေးလွန်​နေတာပါ" ပိုင်ယွင်ရှီက တိုးတိုး​လေး ​ပြောလိုက်၏။

ပိုင်ယွင်​ဖေး "ငါ အ​တွေးလွန်​နေတာမဟုတ်ဘူး။ အဲ့ဒီယဲဖန်က ကာမစိတ်ကုန်နေတာမဟုတ်ဘူးမလား။ ထန်ဝူရွမ်းရုပ်ရည်က နင့်ထက်​ မဆိုးဘူး။ ဒီ​ကောင်က အဲ့ဒီလိုအ​ကြောင်း​​တွေ တွေး​နေမလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ"

ပိုင်ယွင်ရှီ "....." ဒါဆို ယဲဖန်က သူ့ဆီမှာ ဘာ​တွေ ကိုမြင်ထားတာလဲ။ သူ့ရုပ်ရည်ကိုလား။ ဒီလိုသာဆိုရင် ဒီကမ္ဘာ​ပေါ်မှာ ကြည့်​ကောင်းတဲ့လူ​တွေ အများကြီးရှိတာပဲ​။ ဒါဆိုရင် သူက သူ့အချစ်​တွေကို တစ်ခြားလူဆီ​ပြောင်းသွားရင်လဲ မထူးဆန်း​တော့ပါဘူး။

.......

"ယွင်ရှီ ငါ ​ရောက်လာပြီ" ယဲဖန်သည် တံခါးကို ဖွင့်လိုက်ပြီး ​ခေါင်း​လေးထွက်လာခဲ့သည်။

ပိုင်ယွင်​ဖေးကို မြင်​တော့ အနည်းငယ် အံ့သြသင့်သွားပြီး "မင်းလဲ ဒီ​ရောက်​နေတာပဲ"

"နင် ဒီကို ဘယ်​နေရာက​နေ ​လာတာလဲ" ပိုင်ယွင်​ဖေးက ​မေးလိုက်၏။

"ထန်ဝူရွမ်း​နေရာက​နေ လာတာ​လေ"

"ဘာ။ ဘာလို့လဲ" ယဲဖန်၏ဝန်ခံချက်​ကြောင့် ပိုင်ယွင်​ဖေးနှလုံးသားသည် ခုန်​ပေါက်လာ၏။ ယဲဖန်က ​ဖော်ထုတ်ပြ​တော့မှာလား။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now