အခန်း (၅)

1.8K 267 4
                                    


Unicode

ဘဏ်ကတ်နှင့်အတူ ယဲဖန်သည် ပန်းနှင့်ငှက်​စျေးသို့ သွားခဲ့သည်။ ဤ​စျေးထဲတွင် အပင်များစွာရှိ​ပေမဲ့ အများစုက​တော့ ယဲဖန်၏စိတ်ဝင်စားမှုကို မနိုးဆွနိုင်ချေ။ တစ်ပတ်ပတ်ပြီး​နောက် သူ့အတွက် အကျိုးအမြတ်မရှိ​ကြောင်း ​တွေး​နေစဥ် ​ဖျော့​တော့​သော ချီစွမ်းအင်သည် ယဲဖန်အား ဆွဲ​ဆောင်ခဲ့လေသည်။ ချီစွမ်းအင်​နောက် ​လိုက်ရင်း ယဲဖန်သည် ​ရေထွက်ကုန်ပစ္စည်းဆိုင်သို့ ​ရောက်သွား​သည်။

"သူ​ဌေး ဒီလိပ်က ဘယ်​လောက်လဲ"

ယဲဖန့်မျက်လုံးများက ​အားပါးတရပြုံး​နေသည်။ ဒီ​နေရာတွင် ချီစွမ်းအင်စုလိပ်ကို ​တွေ့ရန် တစ်ခါမှ မ​တွေးခဲ့ဖူး​ပေ။ ချီစွမ်းအင်စုလိပ်သည် သူ့နာမည်အတိုင်း ချီစွမ်းအင်​တွေစု​စည်း​ပေးနိုင်​သော လိပ်ဖြစ်ပေသည်။ ဒီလို ဝိညာဥ်စွမ်းအင်အမျိုးအစားသည် အလွန်ရှားပါး၏။ ကျင့်ကြံ​ရေး နယ်​မြေ၌ ​ပေါ်​ပေါက်လာခဲ့လျှင် လူတိုင်းသည် ဤအရာအတွက် တိုက်ခိုက်ကြ​ပေလိမ့်မည်။ ပီယွမ်ဂိုဏ်း​တွင်တောင် ယဲဖန်သည် တစ်ခါမှ မမြင်ခဲ့ဖူး​ပေ။ ဒါ​ပေမဲ့ သူတို့ဂိုဏ်း၏ရန်သူ ရွမ်ကျန့်ဂိုဏ်းတွင်​တော့ တစ်ခု ပိုင်ဆိုင်​ထားသည်။ 

ကံမ​ကောင်းစွာဖြင့် ဤကမ္ဘာရှိ လူတိုင်းက မကျင့်ကြံနိုင်ကြ​ပေ။ ထို့​ကြောင့် သူတို့သည် ချီစွမ်းအင်ကို မခံစားရပေ။ ဒါ​ပေါ့ သူတို့က ဒီလိပ် ဘာလုပ်နိုင်သလဲဆိုတာပါ မသိကြ​ပေ။ ဒီ​တော့ သူကကြီးမားတဲ့ အ​ကျိုးအမြတ်တစ်ခု ရရှိသွားတာ​ပေါ့။

"ဆရာ မင်းက တကယ်အမြင်​ကောင်းရှိတာပဲ။ ဒါက လိပ်ရိုင်းတစ်​ကောင်​လေ။ သူ့အ​ရောင်နှင့် သူ့အခွံဘယ်​လောက်မာလဲဆိုတာကိုကြည့်စမ်း၊၊ ယွမ်တစ်​ထောင်နဲ့ မင်းယူသွားလို့ ရတယ်"

ယဲဖန်သည် ​ခေါင်းငြိမ့်လျက် "​ကောင်းပြီ​" ဟုဆိုကာ တိတ်တဆိတ်ဝမ်းသာသွား​လေသည်။ ချီစွမ်းအင်စုလိပ်တစ်​ကောင်ကို ယွမ်တစ်​ထောင်တဲ့လား။ ဒီနေ့က​တော့ တကယ်ကို ငါ့​ရဲနေ့ပဲ။

သူ​ဌေးသည် ယဲဖန်၏​ပျော်ရွှင်​နေ​သောမျက်နှာကိုမြင်လိုက်​ရသောအခါ သူ့ကိုယ်သူ 'ငါ​တောင်းတာ နည်းများနည်းသွားပြီလား' ဟုတွေးလိုက်မိသည်။ အနည်းငယ်​နောင်တရမိ​သော်လည်း "ဆရာ နှပ်မှာလား။ ပြုတ်မှာလား။ ဒါက အာဟာရအရမ်းရှိတယ်ဆိုတာ ဆရာ သိပါတယ်။ ငါမင်းအတွက် ဘယ်လိုလုပ်​ပေးလိုက်ရမလဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားOù les histoires vivent. Découvrez maintenant