Unicode
ကျောက်ရှီကုမ္ပဏီတွင်
"မင်း ကြယ်ပွင့်တစ်ဦးဖြစ်ချင်တယ်လို့ ငါ့အကိုကြီးဆီက ကြားခဲ့တယ်"
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ ငါ့ကို ကြည့်လိုက်လေ။ ငါက ကြယ်ပွင့်တစ်ဦးဖြစ်မလာဘူးဆို သနားစရာမကောင်းဘူးလား။ ငါသာ ကျော်ကြားသွားပြီဆိုရင် မင်းကုမ္ပဏီအတွက် ambassadorတစ်ဦးအဖြစ် အလကားလုပ်ပေးမယ်လေ။ ဒါကို 'မိသားစုအတွင်း ပစ္စည်းကောင်းတွေ သိမ်းဆည်းခြင်း' လို့ ခေါ်တာ မလား"
ပိုင်ယွင်ရှီက မျက်လုံးလှိမ့်ပြလိုက်သည်။ ယဲဖန့်အမြင်နဲ့သာဆိုရင်လေ သူသာ ပြောရေးဆိုခွင့်ရှိသူဖြစ်သွားမယ်ဆို သူ့ကုမ္ပဏီပုံရိပ်လဲ ကျောက်ဆောင်အောက်ခြေအထိ ရောက်သွားတော့မှာ သေချာလေသည်။
"ကြယ်ပွင့်သွားတဲ့နေရာတိုင်း ပါပါရာဇီတွေရှိမှာ၊ သူတို့က သာမာန်ချိန်းတွေ့မှုလေးတွေတောင် မလုပ်နိုင်ကြဘူး။ အရမ်းပျင်းစရာကောင်းချက်ပဲ" ပိုင်ယွင်ရှီက ပြောလိုက်သည်။
ယဲဖန်သာ ကျော်ကြားသွားမယ်ဆိုလျှင် သိပ်မကြာခင်မှာပဲ သူ့ပါးစပ်ကြောင့် ကြက်ဥပုပ်အပေါက်ခံရပေလိမ့်မည်။
ယဲဖန်ဆီမှာ ဘာတွေမှားယွင်းနေတာပါလိမ့်။ သူ့ဆီမှာ မမြင်ရတဲ့ အရာတွေ အများအပြားရှိပေမဲ့ သူက ထုတ်ဖော်ပြသရတာကို သဘောကျလေသည်။
ယဲဖန်က မျက်တောင်ခတ်လိုက်ပြီး "မင်းပြောတာ ကြားပြီးတော့ ကြယ်ပွင့်ဖြစ်ရတာလဲ ဘာမှမကောင်းဘူး၊ ဒီတစ်ခု ရိုက်ကူးပြီးရင် ငါရပ်လိုက်တော့မယ်"
ပိုင်ယွင်ရှီ "..... အခုတလော မင်းဆီအလုပ်အပ်ဖို့ တစ်ယောက်မှ လာမရှာကြဘူးလား"
ယဲဖန်က ခေါင်းခါလိုက်ပြီး "ဟင့်အင်း နောက်ဆုံးတစ်ခေါက်တုန်းက မိုင်းတွင်းပိုင်ရှင်တစ်ဦးတော့ လာခဲ့ပေမဲ့ သူက အရမ်း သဘောထားသေးသိမ်တာ။ ဒါကြောင့် သူ့ကို လျစ်လျူရှုလိုက်ပြီ"
"အနားယူလိုက်တာလဲ ကောင်းပါတယ်။ ဘဝက ရှည်လျားတယ်။ ငွေရှာဖို့ အရမ်းကြီး ဇွဲကောင်းနေစရာမလိုပါဘူး" ပိုင်ယွင်ရှီက ဆို၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...