အခန်း (၆၈)

1.2K 227 32
                                    

Unicode

ပိုင်ယွင်ရှီ ထွက်သွားပြီး မကြာမီ ဧည့်ခန်းမသည် တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။

အချိန်တစ်ခဏကြာသွားပြီးနောက် ပိုင်ယွင်ဖေးက မပြောပဲ မနေနိုင်တော့ပေ "အဖိုး ယွင်ရှီက ယဲဖန်ကို တစ်ချက်သွားကြည့်တာလေ။ သူ့ကို ခွင့်ပြု​ပေးလိုက်တာလား"

ရှောက်ချီက ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ "ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ယဲဖန်က သူ့ကို ဘာမှလဲမလုပ်နိုင်ဘူး"

ပိုင်ရှစ်ယွမ်က စွေစောင်းကြည့်လာပြီး ရှုသိုးသိုးဖြင့် "လောင်ရှောက် အဲ့ဒီရူးမိုက်နေတဲ့ကောင်က မင်းကို လာဘ်ထိုးထားတာလား"

ရှောက်ချီက ထေ့ငေါ့သံဖြင့် ဆိုလာခဲ့သည် "ဘာလဲ အဲ့ကောင်က မင်းကို လာဘ်မထိုးလို့ ပြဿနာရှာနေတာလား။ သနားစရာကောင်းအောင် မလုပ်စမ်းပါနဲ့။ ယဲဖန်ပေးထားတဲ့ Shiquan Dabu ဆေးလုံးတစ်ချို့ ငါ မင်းကို မမျှပေးခဲ့ဘူးလား"

ပိုင်ရှစ်ယွမ် "....." အဲ့ကောင် ယဲဖန်က ရှောက်ချီအပေါ်တကယ်ကောင်းတာပဲ။ ဘေးကင်းရေးအတွက် ကျောက်စိမ်းဆွဲသီးတွေကို တစ်ချိန်တည်းမှာ ဒါဇင်နှင့်ချီ ပေးတယ်၊ ပြီးတော့ အဆောင်တွေရောပဲ။ သူကျတော့ ဘာမှမရတဲ့ အချိန်မှာပေါ့။ ခွေးမသား။

ပိုင်ယွင်ကျင်းက မျက်​မှောင်ကြုတ်ကာ "အဲ့​ကောင်​လေးက ဘယ်လို လူမျိုးလဲ"

သူဟာ ယဲဖန်အ​ကြောင်းကို အ​တော်ကြာကတည်းက ကြားခဲ့ရ​ပေမဲ့ တစ်ခါမှ​တော့ မ​တွေ့ခဲ့ဖူး​ပေ။

"အဲ့​ကောင်​က​လေ နင် သူ့ကို လမ်း​ပေါ်မှာ ​တွေ့လိုက်တဲ့အခါ သူ့​ခေါင်း​ပေါ် အိတ်စွပ်ပြီး ထိုးချင်စိတ်​ပေါက်လာလိမ့်မယ်" ပိုင်ယွင်​​ဖေးက မှုန်​တေ​တေဖြင့် ဆိုလာခဲ့၏။

​ရှောက်ရှီက မျက်​မှောင်ကြုတ်​နေကာ သူ့စိတ်ထဲတွင်​တော့ 'သူမရဲ့ ​ဖော်ပြချက်က တကယ်ကို အတိအကျပဲ'

"ယွင်​ဖေး မင်း ဒါမျိုး​တွေကို ​တွေးနိုင်​ပေမဲ့ အဲ့ဒီလို အပြုအမူမျိုး မလုပ်တာ ပိုကောင်းမယ်​နော်။ ယဲဖန်က အရမ်းစွမ်းအားကြီးတာ၊ သာမန်လူ​တွေက သူ့ပြိုင်ဘက် မဖြစ်နိုင်​ဘူး" ​ရှောက်ချီက သတိ​ပေးလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now