အခန်း (၉၄)

951 181 10
                                    

Unicode

​ကျောက်ရှီကုမ္ပဏီတွင်

ဆိုဖာ​ပေါ်၌ လဲ​လျောင်း​နေရင်း ယဲဖန်က "ငါ့ကို ​ပြောပါအုံး ဝိညာဥ်ဆရာသခင်ကို ဘယ်လိုရှာလို့ရနိုင်မလဲဆိုတာ။ အဲ့ဒီလင်မယားက​လေ တစ်ခြားလူ​တွေ အလွယ်တကူအသုံးချနိုင်ရ​လောက်​အောင် လုံးဝကို အရူး​တွေပဲ။ ဒီကိစ္စ​တွေက အရမ်းရှုပ်​ထွေး​နေမှန်းသာ သိရင် အဲ့ဒီ ၁၀၀ မီလီယံကြီးကို တပ်မက်မ​နေဘူး"

"မင်းက အရာရာတိုင်းသိမြင်တဲ့သူ မဟုတ်ဘူးလား။ ပြဿနာတစ်ခုနဲ့ ကြုံ​တွေ့တဲ့အခါ အ​ဖြေရှာဖို့ကြိုးစားရမယ့်အစား မင်းက ​နောက်​ဖောက်သည်တစ်ဦးဆီ ​ပြောင်းချင်​နေတာ​ပေါ့။ မင်းပိုက်ဆံအများကြီးရ​အောင် ဘယ်လိုရှာမလဲ" ပိုင်ယွင်ရှီက ​အေးစက်စွာ ​လှောင်​ပြောင်လိုက်သည်။

ယဲဖန်က ရှက်ရွံစွာ ပြုံးလိုက်ပြီး "ဒါ​တော့မှန်တယ် ငါက အရာရာတိုင်း သိမြင်တဲ့သူ​ပဲ။ ဒါ​ပေမဲ့ မင်းလဲသိပါတယ်၊ ငါက တစ်ခြားလူကို ရှာ​ဖွေရာမှာ​တော့ ​မ​တော်ဘူး​။ ငါက ကန်း​နေတာ​လေ၊ မင်းလိုမျိုးသိသိသာသာကြည့်​ကောင်းတဲ့လူကလွဲပြီး​တော့ပေါ့။ လူတိုင်းက အကုန်အတူတူပဲလို့ ငါ ထင်​​နေတာ။ အခုက တစ်ဖက်လူက ဘယ်လိုပုံစံလဲဆိုတာ ငါမသိတာက ပိုဒုက္ခ​ပေး​နေတာကွ"

ပိုင်ယွင်ရှီက ​မေးလိုက်သည် "ငါက သိသိသာသာ ကြည့်​ကောင်းတယ်လို့ မင်းက ဘာလို့ ထင်တာလဲ"

ယဲဖန်က မစဥ်းစားဘဲ ​ပြန်​ဖြေလိုက်၏ "အ​ကြောင်းပြချက်တော့ မရှိပါဘူး။ ငါက အဲ့ဒီလို ထင်တာပဲ​လေ"

ပိုင်ယွင်ရှီက ​လေး​လေးနက်နက် ပြုံးလာလပြီး "အဲ့ဒီဝိညာဥ်ဆရာသခင်ကိုပဲ ရှာရမှာလား။ တစ်ခြားလူကို​ရော ရှာလို့မရဘူးလား"

ယဲဖန်က မျက်လုံးလှိမ့်လိုက်ပြီး "အွန်း၊ ငါက တစ်ခြားလူကို​တော့ ရှာလို့ရနိုင်တယ်။ ​ကောက်မန်ကျင်းနဲ့ အဲ့သရဲကြားက ကိစ္စရပ်ကို အတည်တကျဖြစ်​အောင် လုပ်ရအုံးမယ်"

အဲ့ဒီကိစ္စရပ်သာ ပြီးပြတ်သွားသ​ရွေ့ မူလတစ္ဆေမင်္ဂလာပွဲဆိုတာလဲ အသုံးမဝင်​တော့​ပေ။ ပြီး​တော့ ထန်ဝူရွမ်းအ​ပေါ် အကွက်ချစီစဥ်​နေသည့် ထိုလူ​တွေအတွက်လည်း သူသည် သူတို့အား သူကိုယ်တိုင်ကိုင်တွယ်နိုင်​ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now