အခန်း (၈၀)

1.2K 217 16
                                    

Unicode

ချိုက်စွိုက်က ယဲဖန်ကိုကြည့်ပြီး စိတ်ရှုပ်​ထွေးစွာဖြင့် ဆိုလာခဲ့သည် "ငါ့ညီငယ်​လေးကို အရူးလုပ်ဖို့ မင်း ဘယ်လိုလှည့်ကွက်​မျိုး သုံးခဲ့တာလဲ"

"သူက အရမ်းစိတ်ဓါတ်​ပျော့ညံ့တာ။ သူ့အ​ပေါ်လှည့်ကွက်တစ်ချို့အသုံးပြုဖို့ လိုအပ်​သေးလို့လား"

ချိုက်စွိုက်က အသက်ပြင်းပြင်းရှုလိုက်ပြီး "ဒီက ထွက်သွားစမ်း၊ အခုချက်ချင်း"

ယဲဖန်က ​​ခေါင်းခါလိုက်ပြီး ရိုးရိုးသားသားဖြင့် "ငါထွက်မသွားနိုင်ဘူး။ ​ငွေလက်ခံထားပြီးသွားပြီ။ အခုထွက်သွားမယ်ဆို ပ​ရောဖက်ရှင်နယ်ကျင့်ဝတ်မရှိသလို ဖြစ်သွားမှာ​ပေါ့။ ဒါက ကျွန်​တော့်သိက္ခာကို ထိခိုက်​စေနိုင်တယ်။ ဒါ့အပြင် မင်းညီငယ်​လေးက ငါ့ကို စရန်​ငွေပဲ ​​ပေးထားတာ"

ချိုက်စွိုက် "....."

ယဲဖန်က သူ့ကို ကြည့်ရင်း "ငါ့ကို အဲ့ဒီလိုမျိူး လာမကြည့်နဲ့။ မင်းညီငယ်​လေး​ပေးထားတဲ့​ငွေက မင်းကို ၁၅ရက်စာပဲ ​စောင့်ကြည့်ဖို့ လုံ​လောက်တာ။ ဒါ​ကြောင့် သည်းခံလိုက်"

"​ကျေးဇူးအရမ်းတင်တာပဲ​နော်။ ငါက တရက်​​လေး​တောင် မရပ်တည်နိုင်ဘူး​လေ" ချိုက်စွိုက်က ဆိုလိုက်၏။

ယဲဖန် "လူငယ်​လေး မင်းက တကယ့်ပဲ စိတ်ရှည်မှု မရှိဘူးပဲ။ ဒါက မ​ကောင်းဘူး​နော်"

ချိုက်စွိုက် "....."

ထို့နောက် ချိုက်ကျန်ကျွင်းသည် ကြက်စွပ်ပြုတ်တစ်အိုးကို ယူ​ဆောင်လာပြီး "သူ​ဌေးယဲ မီးဖို​ချောင်ထဲမှာ ကြက်စွပ်ပြုတ်တစ်ချို့ ရှိ​နေတယ်။ စမ်းကြည့်ပါအုံး။ ဒါ တကယ်​ကောင်းတာနော်"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "အို​ကေ ဒါဆို ငါ စမ်းကြည့်လိုက်မယ်"

ချိုက်စွိုက်သည် စိတ်တိုလျက် "မင်းအရူး​ကောင်။ ဒါက ငါတို့အ​မေရဲ့ အာဟာရစွပ်ပြုတ်ကွ"

ချိုက်ကျန်ကျွင်းက မျက်​မှောင်ကြုတ်လိုက်ပြီး "ဒါဆိုလဲ ​နောက်တစ်အိုး ပြုတ်လိုက်​လေ"

ချိုက်စွိုက် "....."

ထို့​နောက် ချိုက်ကျန်ကျွင်းသည် ယဲဖန်ဘက် လှည့်လာပြီး မျက်နှာလိုမျက်နှာရဖြင့် "သူ​ဌေးယဲ အရသာဘယ်လို​နေတုန်း"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now