အခန်း (၃၃)

1.6K 241 6
                                    

Unicode

ယဲမိသားစု၌

ယဲကျီကျဲသည် ရုပ်ဆိုး​သောမျက်နှာဖြင့် ​လျှောက်လာပြီး ဆိုဖာ​တွင် ထိုင်​လိုက်သည်။

"​အကို နင့်ကြည့်ရတာ စိတ်မပါသလိုပဲ။ ဘာ​တွေ ဖြစ်ခဲ့လို့လဲ"

ယဲကျီကျဲသည် ယဲယင်လန်ကို တချက်ကြည့်လိုက်ပြီး "ဘာမှမဖြစ်ဘူး"

သူသည် ယဲဖန်အား မ​ကောင်းသတင်းဖြန့်မည့် လူတစ်စုကို ရှာ​တွေ့ခဲ့​ပေမဲ့ ရလဒ်အားဖြင့် ထိုလူများသည် ​နောက်​ဖေးလမ်းကြားထဲ အဆွဲ​ခေါ်ခံလိုက်ရပြီး ညိုမည်း​နေ​​အောင် အရိုက်ခံလိုက်ရ​လေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ယဲဟုန်ဝမ်သည် ထန်ယုံကျင်းက စီမြို့​တော်သို့ တိတ်တဆိတ် ​ရောက်လာသည့် သတင်းကို ကြားသိခဲ့ရသည်။ ယဲကျီကျဲသည် ထိုလူကြီး​နှင့် သိကျွမ်း​စေရန် အခွင့်အ​ရေးများရှာ​ခဲ့​ပေမဲ့ ဘယ်သူကသိမှာလဲ။ သူအခွင့်အ​ရေးရှာမ​တွေ့ခင် ယဲဖန်က ထန်ယုံကျင်း​ရှေ့တွင် မျက်နှာရပြီး​နေပြီ ဖြစ်သည်။

သူသည် ဝူမိသားစုက ယဲဖန်အား ဗီလာတစ်ခု​ပေးခဲ့​ကြောင်း သတင်းရခဲ့၏။ ဒါ့အပြင် ထန်ယုံကျင်းသည်လည်း ထိုဗီလာသို့ လူကိုယ်တိုင်သွား​ရောက်ကာ ​ကျောက်စိမ်းဆိုင်မှ အကြီးအကဲကျိုးနှင့်အတူ ယဲဖန်အား ထန်မိသားစုဗီလာ​ဟောင်းသို့ ​​ခေါ်​ဆောင်သွားခဲ့သည်။

၎င်းသည် ထန်ယုံကျင်း ဖြစ်ဖြစ် ကျိုးကျင်းကျီဖြစ်ဖြစ် သူတို့သည် ပုံရိပ်​ကောင်းရှိကာ သူတို့အ​ဖေ​​တောင်မှ ​လေးစားမှုပြသရ​လေသည်။

ဝမ်​ရှောင်​ဖေး၏လွှမ်းမိုးမှု​အောက်တွင် ယဲကျီကျဲသည် ယဲဖန်ကို ပြိုင်ဘက်အဖြစ် အမြဲသတ်မှတ်ခဲ့ရာ ယခု​ချိန်တွင် ဝူမိသားစု​နောက်ခံရှိ​သော ယဲဖန်က သူ့အား မနာလိုဖြစ်​စေ​လေသည်။

​နောက်ဆုံးအကြိမ်တုန်းက သူသည် ယဲဖန်၏နာမည်ဂုဏ်သတင်း ပျက်စီးရန် ​ထောက်​ချောက်တစ်ခု ဆင်ခဲ့ပြီး ထိုနည်းလမ်း​ကြောင့် ​လျောက်တင်းတင်း၏နှလုံးသားကို ရရှိခဲ့သည်။ သူမ၏နှလုံးသားကိုရရှိခြင်းသည် သူ့အား အရမ်း​ကျေနပ်သွား​စေခဲ့သည်။ ဒါ​ပေမဲ့ အခု​တော့ ယဲဖန်ရုတ်တရက်ထိုးတက်လာသည်နှင့်အမျှ မလွယ်ကူမှုများသည် သူ့နှလုံးသားထဲ တိုးဝင်လာသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now